မာန်အောင်မြို့နယ်ရဲကျွန်းအုပ်စုရှိမီးတောင်မှချော်ရည်ပူများ မှုတ်ထုတ်မှုဖြစ်ပွား


မာန်အောင် စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းအုပ်စုအတွင်းရှိမီးတောင် မှချော်ရည်ပူများမှုတ်ထုတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် နံနက် ၇နာရီ ၁၅ မိနစ်အချိန်တွင် ပထမအကြိမ် အမြင့် ၁၅ ပေခန့်ထိချော်ရည်များမှုတ်ထုတ်မှုတစ် ကြိမ်ဖြစ်ပွားပြီးနောက် နံနက် ၈ နာရီ၁၀ မိနစ်တွင်ဒုတိယအကြိမ် ပေ ၅၀ အမြင့်ထိတစ်ကြိမ်ချော်ရည်မှုတ်ထုတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာေ ချာ်ရည်ပူမှုတ်ထုတ်မှုကြောင့်မီးတောင်အနီးရှိဦးမျိုးအောင်လယ် ဧက(၁.၅)ဧကခန့်လျှော်ရည်ပူဖုံးလွှမ်းပျက်စီးခဲ့ပြီးလူနှင့်တိရိစ္ဆာန်များ ပျက်စီးရှုံးမှုမရှိကြောင်းသိရသည်။

အဆိုပါရဲကျွန်းမြောက်ပိုင်းကျေးရွာမှမီးတောင်သည် ယခင်ကသုံး နှစ်တစ်ကြိမ်လေးနှစ်တစ်ကြိမ်ချော်ရည်များမှုတ်ထုတ်ခဲ့ကြောင်းနှင့် ယခုအကြိမ်မှာလေးနှစ်ကြာမှချော်ရည်ပူများမှုတ်ထုတ်ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မာန်အောင်မြို့နယ်ရဲကျွန်းအုပ်စုရှိမီးတောင်မှချော်ရည်ပူများ မှုတ်ထုတ်မှုဖြစ်ပွား မာန်အောင်မြို့နယ်ရဲကျွန်းအုပ်စုရှိမီးတောင်မှချော်ရည်ပူများ မှုတ်ထုတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.