လိင်တူချင်းဆက်ဆံတာ ရာဇဝတ်မှုမြောက်မမြောက် အိန္ဒိယတရားရုံးချုပ် ဆုံးဖြတ်မယ်

လိင်တူအခွင့်အရေး လှုပ်ရှားမှု
လိင်တူချင်းပေါင်းသင်းဆက်ဆံတာဟာ သဘာဝ ကို ဖီလာဆန့်ကျင်ပြီး ရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်တဲ့ စီရင်မှုကို အိန္ဒိယ တရားရုံးချုပ်က ပြန်လည် ဆန်းစစ်မှာ ဖြစ်ပါတယ်။

လိင်တူချင်း ဆက်ဆံတာက ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ စီရင်ထုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၇ နှစ်အကြာ ကိုလိုနီခေတ်ကတည်းက ပြဌာန်းထားခဲ့တဲ့ ဥပဒေဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ် အထိ ပြစ်ဒဏ်ချလို့ ရပါတယ်။

ဒီဥပဒေအရ လိင်တူချင်းဆက်ဆံတာအပြင် သဘာဝကို ကျော်လွန်တဲ့ ဘယ်လို ဆက်ဆံနည်းကို မဆို အပြစ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာတော့ ကိုလိုနီခေတ်ကတည်းက ပြဌာန်းခဲ့တဲ့ ဒီစီရင်ထုံးကို ဆက်လက်ကျင့်သုံးနေတဲ့အပေါ် ကန့်ကွက် နေကြပြီး ပြန်လည် သုံးသပ်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းကတည်းက တောင်းဆိုခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒီစီရင်ထုံးနဲ့ ပတ်သက်လို့ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပိုင်းဆိုင်ရာ အရေးကြီးတဲ့ ကိစ္စရပ် ဖြစ်တာကြောင့် ဒါကို ပြန်လည်ကြားနာဖို့ ထိပ်ပိုင်း တရားသူကြီး ၃ ဦးကနေ သဘောတူခဲ့ကြပါတယ်။

အခုတော့ ဥပဒေကို ပြန်လည်သုံးသပ်မယ့် ဆုံးဖြတ်ချက်ကို လိင်တူချစ်သူတွေနဲ့ လူ့အခွင့်အရေးသမားတွေက ကြိုဆို ထောက်ခံခဲ့ကြပြီး အရင် စီရင်ထုံးကို ပယ်ချနိုင်ဖို့ ကိုလည်း မျှော်လင့်နေကြပါတယ်။

အခု ကြားနာမှု ကို တရားသူကြီးချုပ် ဦးဆောင်ပြီး ၅ ဦး ပါတဲ့ တရားသူကြီး အဖွဲ့ကနေ စက်တင်ဘာလ ၆ ရက်နေ့ မှာ ဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
လိင်တူချင်းဆက်ဆံတာ ရာဇဝတ်မှုမြောက်မမြောက် အိန္ဒိယတရားရုံးချုပ် ဆုံးဖြတ်မယ် လိင်တူချင်းဆက်ဆံတာ ရာဇဝတ်မှုမြောက်မမြောက် အိန္ဒိယတရားရုံးချုပ် ဆုံးဖြတ်မယ် Reviewed by THITHTOOLWIN on 11:01 Rating: 5
Powered by Blogger.