ကားနောက်ခန်းအတွင်း ကွယ်ဝှက် တင်ဆောင်လာသော မင်းပြားမှ ဘင်္ဂါလီ(၅)ဦးအား ဖမ်းဆီး


ဂွ-ငသိုင်းချောင်း ကားလမ်းပေါ်မှာ သြဂုတ်(၅)ရက် ညပိုင်းက ကားနောက်ခန်းအတွင်း ကွယ်ဝှက် တင်ဆောင်လာတဲ့ ဘင်္ဂါလီ(၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်(၅)ရက် ည(၉)နာရီခွဲ အချိန်က ဂွ-ငသိုင်းချောင်း ကားလမ်းမကြီး ဗေဒါစစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးမောင်းတံကို တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားတဲ့ ယာဉ်တစ်စီးကို တာဝန်ရှိ သူတွေကလိုက်လံဖမ်းဆီးခဲ့ရာမှာ ယာဉ်ရဲ့နောက်ဖုံးအတွင်း ကွယ်ဝှက် တင်ဆောင်လာတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သရက်ကုန်းနဲ့ မြိုင်ပြင်ကျေးရွာက ဘင်္ဂါလီ(၅)ဦးကို ရှာဖွေတွေ့ရှိခဲ့တာပါ။

အဲဒီဘင်္ဂါလီ(၅)ဦး ကို စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့ကို မလေးရှားနိုင်ငံ ပို့ပေးမယ်ပြောပြီး တစ်ဦးကို ကျပ်(၃၄)သိန်းနဲ့ ခေါ်လာခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။ ဗေဒါစစ်ဆေးရေးဂိတ်ကနေ မောင်းနှင်ထွက်ပြေးစဉ် မှာ ဆိုင်ကယ်တစ်စီးကို ၀င်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ် မောင်းနှင်သူ မှာ ခြေသလုံးရိုးကျိုးဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ထွက်ပြေးသွားတဲ့ ယာဉ်မောင်းနဲ့အကူယာဉ်မောင်းကို သြဂုတ်(၆)ရက် နေ့လယ်(၁၁)နာရီခွဲက ဂွ-ငသိုင်းချောင်းကားလမ်းမပေါ်ရှိ မြောက်စမ်းရွာ အနီးမှာ ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာက လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ် လို့သိရပါတယ်။

သတင်း- ဖြိုးကိုလင်း(ညောင်ဝိုင်း)
One News Myanmar
https://www.facebook.com/onenewsmyan/
ကားနောက်ခန်းအတွင်း ကွယ်ဝှက် တင်ဆောင်လာသော မင်းပြားမှ ဘင်္ဂါလီ(၅)ဦးအား ဖမ်းဆီး ကားနောက်ခန်းအတွင်း ကွယ်ဝှက် တင်ဆောင်လာသော မင်းပြားမှ ဘင်္ဂါလီ(၅)ဦးအား ဖမ်းဆီး Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.