ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုနဲ့ ပတ်သက်ပြီး ဆင့်ခေါ်ခံရသူသုံးဦး တိုင်းတရားလွှတ်တော်ကို သြဂုတ်လ(၇)ရက် ဒီနေ့မှာ လာရောက်ခဲ့ပါတယ်။ ဆင့်ခေါ်ခံရသူ သုံးဦးရဲ့ ရှေ့နေတွေက တရားခွင်မှာ လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေပါဝါတင်ခဲ့ပါတယ်။
ကြားနာစစ်ဆေးဖို့ရက်ကို နှစ်ပတ်(သို့) သုံးပတ်အတွင်း တိုင်းတရား လွှတ်တော်ကြေညာသင်ပုန်းနဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အကြောင်းကြားပေးသွားမယ်လို့ တိုင်းတရားလွှတ်တော် သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်နွဲ့နွဲ့ဦးက ပြောပါတယ်။
သတင်း - မျိုးမင်း(5 Plus News)
https://www.facebook.com/5plusnews
အောင်ရဲထွေးသေဆုံးမှုမှာ ဆင့်ခေါ်ခံရသူသုံးဦး တိုင်းတရားလွှတ်တော်ကို ဒီနေ့လာရောက်
Reviewed by THITHTOOLWIN
on
19:11
Rating:
