မတ်​ကျန်းပြည်​သူ့စစ်​မှ စစ်​သားတစ်​ဦး ၁၃နှစ်​အရွယ် ​မိန်းက​လေးငယ်​ကို မုဒိမ်းကျင့်


လွိုင်​လင်​ သြဂုတ်​ ၃၀

လွယ်​လင်​မြို့နယ်​ ​တောင်​​နောက်​​ကျေးရွာအုပ်​စု နမ့်​ဟူး​ကျေးရွာမှာ သြဂုတ်​လ ၃၀ ရက်​​နေ့ ည​နေ ၆း၃၀ နာရီ အချိန်တွင်​ မတ်​ကျန်းပြည်​သူ့စစ်​တစ်​ဦးမှ အသက် ​၁၃နှစ်​ရှိ မိန်းက​လေးငယ်​တစ်​ဦးကို မုဒိမ်းကျင့်​ခဲ့​ကြောင့်​ နမ့်​ဟူးရွာသားတစ်ဦး​ထံမှ သိရသည်​။

ဖြစ်​စဉ်​မှာ မတ်​ကျန်းပြည်​သူ့စစ်​တစ်​ဦးဖြစ်​သူ စိုင်း​အောင်​ကျွန်းသည်​ နမ့်​ဟူးရွာ​သား ခွန်​တကျုံး နန်း​​ရောင်​ အိမ်ကို လာ ခြိမ်း​ခြောက်​ပြီး​ ဆိုင်​ကယ်​လာငှါးယူခဲ့​ကြောင့်​ ထိုသို့ ငှါးယူသည့်​ဆိုင်​ကယ်​ကို အသက်​ ၁၃နှစ်​ အရွယ်​သမီးက ဆိုင်​ကယ်​ပြန်​ယူလာရန်​ အတူ​ပါသွားခဲ့ရာမှ မတ်​ကျန်းပြည်​သူ့စစ်​တစ်​ဦးဖြစ်​သူ စိုင်း​အောင်ကျွန်းက မုဒိမ်းကျင့်​ခံရခြင်း ဖြစ်​သည်​။

``ငါကစစ်​သား ငါ့ကိုဆိုင်​ကယ်​ငှါးရမယ်​ ခြိမ်း​ခြောက်​ပြီး ဆိုင်​ကယ်​​တောင်းတာ သူကမတ်​ကျန်းပြည်​သူ့စစ်​​လေ အိမ်​ရှင်​က​ကြောက်​​တော့ ​ပေးရတာ​ပေါ့ အဲမှာ ဆိုင်​ကယ်​ပြန်​​ယူဖို့ လိုက်​သွားတဲ့ က​​လေးမကို မုဒိမ်းကျင့်​လိုက်​တာ´´ဟု နမ့်​ဟူးရွားသား ခွန်​ထွန်းဦးက ​ပြောသည်​။

လက်​ရှိတွင်​ စိုင်း​အောင်​ကျွန်းသည်​ ထွက်​​ပြေးလျက်​ရှိပြီး မဖမ်းမိ​သေး​ကြောင်း မုဒိမ်းကျင့်​ပြီး ထွက်​​ပြေးတိမ်း​ရှောင်​​နေသူ မတ်​ကျန်းပြည်​သူ့စစ်​စိုင်း​အောင်​ကျွန်းကို အ​ရေးယူ​ပေးရန်​ မုဒိမ်းကျင့်​ခံရသည့်​ အမျိုးသမီးငယ်​၏ မိဘက လွိုင်လ​င်​ရဲစခန်းတွင်​ အမှုဖွင့်​ထား​ကြောင်းသိရသည်​။

မတ်​ကျန်းပြည်​သူ့စစ်​သည်​ ဦးလင်းစိုင်​ဦး​ဆောင်​သည့်​ အဖွဲ့ဖြစ်​ပြီး ပြီးခဲ့သည့်​ ၂၀၁၈ မေလ၁၄ ရက်​​နေ့တွင်​လည်း မတ်​ကျန်းပြည်​သူ့စစ်မှ ရွာသားများ လုပ်​ကိုင်​စား​သောက်​လာသည့်​​မြေယာ ဧက ၄၀၀ သိမ်းယူမှု​ကြောင့်​ ​ပြဿနာဖြစ်​ပွားရာမှ မတ်​ကျန်းပြည်​သူ့စစ်​က နမ့်​ဟူးရွာသားများကို ​သေနတ်​ဖြင့်​ ပစ်​ခတ်​ရိုက်​နက်​မှုဖြစ်​ပွားခဲ့သည်​။

နမ့်​ဟူး​ကျေးရွာ​ဒေသခံ​များသည်​ နှစ်​စဉ်​ မတ်​ကျန်းပြည်​သူ့စစ်​ထံ အခွန်​၊ဆန်​များ ​ပေး​ဆောင်​ရပြီး စစ်​သားစု​ဆောင်းသည့်​အခါတွင်​ လူငှါးထည့်​ရသည့်​အ​ခြေ​နေမျိုးကြုံရ​ကြောင်း ​ဒေသခံတစ်ဦး​ပြောပြချက်​အရသိရသည်​။

BY ခွန်​ယံ
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
မတ်​ကျန်းပြည်​သူ့စစ်​မှ စစ်​သားတစ်​ဦး ၁၃နှစ်​အရွယ် ​မိန်းက​လေးငယ်​ကို မုဒိမ်းကျင့်​ မတ်​ကျန်းပြည်​သူ့စစ်​မှ စစ်​သားတစ်​ဦး ၁၃နှစ်​အရွယ် ​မိန်းက​လေးငယ်​ကို မုဒိမ်းကျင့်​ Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.