"အဖရခိုင်ပါတီ" အမည်နှင့်ပါတီသစ် မှတ်ပုံတင်ခွင့် ပယ်ချခံရ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆောက်အဦး အဝင်ဝကို တွေ့ရစဉ် / Photo: RFA
ရခိုင်ပြည်နယ်မှာ အခြေစိုက်မယ့် “အဖရခိုင်ပါတီ” တည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ငြင်းပယ်လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့တဲ့အပေါ် ပါတီတည်ထောင်ခွင့် လျှောက်ထားရာမှာ ပါဝင်တဲ့ ဦးစိုးဝင်းက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ အဲဒီပါတီက နုတ်ထွက်ခွင့်တင်ပြီးနောက် ပါတီတည်ထောင်လိုသူတွေက ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့တာပါ။

ဒါပေမဲ့ ပါတီတည်ထောင်လိုသူ စာရင်းထဲမှာ ဒေါက်တာအေးမောင် မပါဝင်ဘူးလို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပြီး တခြားပါတီနာမည်တစ်ခုကို စဉ်းစားဖို့လည်း ပါတီတည်ထောင်လိုသူတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလိုငြင်းပယ်လိုက်တဲ့အတွက် နောက်ထပ် နာမည်သစ်တစ်ခုနဲ့ ပါတီတည်ထောင်ခွင့် ထပ်ပြီး လျှောက်ထားမလားဆိုတာကိုတော့ ဆွေးနွေးရဦးမှာဖြစ်တယ်လို့ ဦးစိုးဝင်းက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
"အဖရခိုင်ပါတီ" အမည်နှင့်ပါတီသစ် မှတ်ပုံတင်ခွင့် ပယ်ချခံရ "အဖရခိုင်ပါတီ" အမည်နှင့်ပါတီသစ် မှတ်ပုံတင်ခွင့် ပယ်ချခံရ Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.