![]() |
ဆာဒါ ပြည်နယ်က ဒါယန်ဈေးကို ဖြတ်သွားတုန်း ကျောင်းကား လေကြောင်း တိုက်ခိုက်ခံခဲ့ရ |
ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း အဲဒီ ကားကို ပစ်မှတ်ထား ခဲ့တာလို့ သတင်းရပ်ကွက် တွေက ပြောပါတယ်။
ဆော်ဒီ ဦးဆောင်တဲ့ ပူးပေါင်း တပ်ဖွဲ့တွေဟာ ဟူသီ သူပုန်တွေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ယီမင် အစိုးရဘက်က အားပေး ကူညီနေတာပါ။
![]() |
ထိခိုက်ဒဏ်ရာ ရသူတွေ အလုံးလိုက် အရင်းလိုက် ရောက်လာနေတာကို ကူဖို့ နောက်ထပ် အထောက်အပံ့တွေ ပို့ပေးမယ်လို့ ICRC ပြော |
ဒဏ်ရာ ရသူက ၄၉ ယောက် ရှိပြီး အဲဒီထဲမှာ ကလေး အယောက် ၃၀ ပါတယ်လို့ ဆိုပါတယ်။
ဟူသီ သူပုန်တွေကတော့ တိုက်ခိုက်မှုအတွင်း လူ ၄၀ကျော် သေဆုံးသွားတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ပူးပေါင်းတပ်ဖွဲ့ကတော့ သူတို့ဟာ မစ်ဆိုင်းဒုံး ပစ်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဆောင်ဒီအာရေဗျနိုင်ငံထဲ သူပုန်တွေ ရော့ကက် ဒုံးကျည် ပစ်လွှတ်ခဲ့တာကို လက်တုံ့ပြန် ခဲ့တာလို့ ပြောပါတယ်။
ကလေးတွေကို လူသားဒိုင်း လို သူပုန်တွေက အသုံးချခဲ့တာလို့ ဆိုပါတယ်။
BBC Burmese
https://www.bbc.com
လေကြောင်း တိုက်ခိုက်မှုကြောင့် ယီမင်ကလေးတွေသေဆုံး
Reviewed by THITHTOOLWIN
on
05:16
Rating:
