![]() |
လွမ်ဘော့ကျွန်းမှာ တပတ်အတွင်း တတိယအကြိမ် ငလျင်ထပ်လှုပ်အပြီး တွေ့ရပုံ။ Photo: AFP |
အခု လှုပ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၅.၉ ပြင်းအားရှိပါတယ်။ အခုထိ အသေအပျောက်သတင်း မကြားသိရသေးပေမဲ့ အပျက်အစီး အထိအခိုက် ရှိနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လှုပ်ခဲ့တဲ့ ပထမဆုံး ငလျင်ကြောင့် သေဆုံးသူ အခုထိ ၃၁၉ ဦး ရှိကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
ငလျင်ဒဏ် ခံခဲ့ရသူပေါင်း နှစ်သောင်းလောက်ရှိမယ်လို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ခန့်မှန်းထားပြီး၊ လိုအပ်သမျှ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃ဝဝ ကျော်လာချိန်မှာ နောက်ဆက်တွဲ ငလျင်ထပ်လှုပ်
Reviewed by THITHTOOLWIN
on
08:40
Rating:
