အမာ သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး အမာမြို့ရှိ ပင်လယ်ကမ်းခြေကျေးရွာများမှ လူနေတဲအိမ်များ ယမန်နေ့ ဒီရေတက်ချိန်တွင် ထပ်မံပြိုကျ ပျက်စီးခဲ့ရာ ပင်လယ်ဒီရေတက်နေသော သြဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ လေးရက်အတွင်း နေအိမ် ၁၄၃ လုံး ပြိုကျပျက်စီးခဲ့ပြီး ၁၄၄ လုံး ယိုင်နဲ့သွားကြောင်း သိရသည်။
သြဂုတ် ၁၅ ရက် နံနက် ၁ နာရီ ၄၇ မိနစ်ခန့်က ဒေါ်ညိမ်းကျေးရွာအုပ်စု အောင်လှိုင်ကျေးရွာတွင် နေအိမ်သုံးလုံး၊ ဗန္ဒာပင် ကျေးရွာတွင် နေအိမ် ၂၄ လုံး၊ ဘဝသစ်ကျေးရွာအုပ်စု ဂေါ်ဒူကျေးရွာတွင် နေအိမ်သုံးလုံး စုစုပေါင်း နေအိမ်အလုံး ၃ဝ ပြိုကျပျက်စီး ခဲ့ရာ အဆိုပါနေအိမ်များမှ မိသားစုဝင် ၁၃၅ ဦးသည် နီးစပ်ရာဆွေမျိုးများအိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
နေအိမ်များပျက်စီးခဲ့သော်လည်း လူနှင့်တိရ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ ကျန်ရှိနေသေးသောနေအိမ်များအား ဘေးအ္တရာယ် လွတ်ကင်းရာသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန် အသိပေးနှိုးဆော်ပေးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ဝင်းမြင့်အောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမာမြို့၌ ပင်လယ်ဒီရေနှင့် လှိုင်းရိုက်ခတ်မှုကြောင့် လူနေအိမ်များ ထပ်မံပြိုကျ
Reviewed by THITHTOOLWIN
on
09:48
Rating:
