![]() |
Photo -Yangon Police |
မန္တလေး - သြဂုတ် ၁၇
ရုပ်ရှင်ဒါရိုက်တာမိုက်တီး မောင်းနှင်လာသည့်ယာဉ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အခုလ ၁၆ ရက် ည ၁၁ နာရီခန့်က တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှမော်တော် ယာဉ်များအား ပိတ်ဆို့ စစ်ဆေးရှာဖွေစဉ် သန်းထွန်းဇော်(ခ)မိုက်တီး မောင်းနှင်လာသော ယာဉ်အမှတ် 9D/------Mazda Demio အစိမ်းနုရောင်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါကား၏ ဖင်ထိုင်ခုံ နှင့်ကျောမှီကြားတွင် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ထည့်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောသ်းသိရသည်။ မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီး အားတာမွေမြို့မရဲစခန်းမှ မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ရုပ်ရှင်ဒါရိုက်တာ မိုက်တီး မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
09:55
Rating:
