Wimbledon အမျိုးသားတင်းနစ် Djokovic က Kevin Anderson ကို ၃ ပွဲပြတ်နိုင် ဗိုလ်စွဲ

Novak Djokovic က အနိုင်ရ
ဗြိတိန်နိုင်ငံမှာ ကျင်းပတဲ့ Wimbledon တင်းနစ်ပြိုင်ပွဲမှာတော့ ဆာဘီးယားနိုင်ငံက နိုဘက်ဂျိုကိုဗစ်ခ်ျက အနိုင်ရပြီးချန်ပီယံဖြစ်သွားပါတယ်။

အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားတာမှာ Novak Djokovic က တောင်အာဖရိကနိုင်ငံက Kevin Anderson ကို ၆-၂ ၊ ၆-၂ ၊ ၇-၆ (၇-၃) နဲ့ ၃ ပွဲပြတ် အနိုင်ရသွားပါတယ်။ ဂျိုကိုဗစ်ခ်ျဟာ တံတောင်ဆစ်ခွဲစိတ်တဲ့ဒဏ်ရာကြောင့် ၂၀၁၆ ပြင်သစ်အိုးပင်းပြိုင်ပွဲ နောက်ပိုင်း အောင်မြင်မှုတွေ နဲ့ ဝေးနေခဲ့ပြီး၊ အခုမှ ဂရန်းစလမ်းကို တခါ ပြန်အနိုင်ရတာဖြစ်ပါတယ်။

ဂျိုကိုဗစ်ခ်ျဟာ ၀င်ဘယ်လ်ဒန်ကို ၂၀၁၁၊ ၂၀၁၄ နဲ့ ၂၀၁၅ တွေမှာလည်း ၃ ကြိမ် ဗိုလ်စွဲထားတာကြောင့် ဒါဟာ ဂျိုးကိုဗစ်ခ်ျအတွက်တော့ ၀င်ဘယ်လ်ဒန်ကို ၄ ကြိမ်မြောက် အနိုင်ရတာဖြစ်ပါတယ်။ ဒီပွဲနိုင်လိုက်တဲ့အတွက် သူဟာ ဂရန်းစလမ်းဆုဖလားကိုလည်း ၁၃ ကြိမ်မြောက် ရသွားတာဖြစ်ပြီး အမျိုးသားတွေဘက်မှာ ဂရန်းစလမ်းဆုကို စတုတ္တအများဆုံးရထားတာဖြစ်ပါတယ်။

အမျိုးသားတဦးချင်းမှာ ရော်ဂျာဖယ်ဒရာက အကြိမ် ၂၀ ၊ ရာဖဲလ်နဒါးလ်က ၁၇ ကြိမ်၊ ပိဆမ်းပရပ်စ်က ၁၄ ကြိမ် နဲ့ ဂျိုကိုဗစ်ခ်ျက ၁၃ ကြိမ် အသီးသီး ဗိုလ်စွဲထားတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Wimbledon အမျိုးသားတင်းနစ် Djokovic က Kevin Anderson ကို ၃ ပွဲပြတ်နိုင် ဗိုလ်စွဲ Wimbledon အမျိုးသားတင်းနစ် Djokovic က Kevin Anderson ကို ၃ ပွဲပြတ်နိုင် ဗိုလ်စွဲ Reviewed by THITHTOOLWIN on 08:53 Rating: 5
Powered by Blogger.