မော်ဝါဒီသူပုန်တွေ တိုက်လို့ အိန္ဒိယစစ်သားနှစ်ဦး သေဆုံး

 ကင်းစောင့်နေတဲ့ အိန္ဒိယစစ်သား နှစ်ဦးကို တွေ့ရစဉ်
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ အစိုးရတပ်ခွဲတခွဲကို မော်ဝါဒီသူပုန်တွေက ချုံခိုတိုက်ခိုက်လို့ စစ်သားနှစ်ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သစ်တောထူထပ်တဲ့ အရပ်မှာ သောင်းကျန်းသူ တန်ပြန်စစ်ဆင်ရေးဆင်နွှဲပြီး ပြန်အလာမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် စစ်သည်တွေကို သူပုန်တွေက တိုက်ခိုက်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီလိုတိုက်ခိုက်သူတွေကို တောနင်းရှာဖို့ ပြည်သူ့စစ်နဲ့ တပ်ကူဖြည့်ရဲတပ်ဖွဲ့တို့ ဒေသတဝိုက်ကို ပိတ်ဆို့လိုက်ပါတယ်။

တရုတ်တော်လှန်ရေးခေါင်းဆောင် မော်စီတုန်းကိုကြည်ညိုတဲ့ မော်ဝါဒီသူပုန်တွေဟာ သူရင်းငှားတွေ၊ ဆင်းရဲသားတွေနဲ့ တိုင်းရင်းသားတွေအတွက် မြေယာနဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့ အိန္ဒိယအစိုးရကို တိုက်ပွဲဝင်နေတာ နှစ်လေးဆယ်လည်းကျော်လို့နေပါပြီ။

အစိုးရကလည်း ဒီမော်ဝါဒီ သူပုန်တွေဟာ ပြည်တွင်းလုံခြုံရေးအတွက် အကြီးမားဆုံး အန္တရာယ်လို့ သတ်မှတ်ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
မော်ဝါဒီသူပုန်တွေ တိုက်လို့ အိန္ဒိယစစ်သားနှစ်ဦး သေဆုံး မော်ဝါဒီသူပုန်တွေ တိုက်လို့ အိန္ဒိယစစ်သားနှစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.