ရခိုင် ပြဿနာအတွက် ကုလနဲ့ မြန်မာ လျှို့ဝှက် လက်မှတ်ထိုးတယ်လို့ TIB စွပ်စွဲ

(မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးနားမှာ နေထိုင်သူတွေကို တွေ့ရစဉ်) Photo: Htet Arkar/ RFA
ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ နဲ့ မြန်မာနိုင်ငံကြား လျှို့ဝှက်သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ TI ခေါ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အဖွဲ့ခွဲ TIB က စွပ်စွဲလိုက်ပြီး ဒါဟာ ကုလသမဂ္ဂ ရဲ့ အနေအထားအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် The Daily Star သတင်းစာက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ကြား ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာဟာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဆောင်ရွက်မှုတွေ ပျက်ပြားစေမယ့် အစီအစဉ်သာ ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်အတွက် ၀န်ထုတ်ဝန်ပိုးဖြစ်လာစေမှာဖြစ်ကြောင်း TIB ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ဇာမန်း က ပြောပါတယ်။

ဒါ့ပြင် အဲဒီ စာချွန်လွှာကို ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒီအတွင်း ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်အနေနဲ့ မြန်မာ စစ်တပ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူတာတွေ တိုးမြှင့်ဆောင်ရွက်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့ အပါအ၀င် အရပ်ဘက်အဖွဲ့ ၄၆ ဖွဲ့က ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရခိုင် ပြဿနာအတွက် ကုလနဲ့ မြန်မာ လျှို့ဝှက် လက်မှတ်ထိုးတယ်လို့ TIB စွပ်စွဲ ရခိုင် ပြဿနာအတွက် ကုလနဲ့ မြန်မာ လျှို့ဝှက် လက်မှတ်ထိုးတယ်လို့ TIB စွပ်စွဲ Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.