ဘုရားကြီးမြို့အနီးတွင် ဖောကားယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ နှစ်ဦးသေ


ဘုရားကြီး ဇူလိုင် ၉

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီး၌ ဇူလိုင် ၉ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံး၍ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘုရားကြီးနယ်မြေရဲစခန်းအပိုင် ဘုရားကြီး-ဘောနတ်ကြီး သွား အမြန်လမ်းမကြီး ဝင်္ဂဘော်ကျေးရွာတွင် ဘောနတ်ကြီးမှ ဘုရားကြီးမြို့သို့ ကျော်စွာလင်း မောင်းနှင်ပြီး မင်းနိုင် လိုက်ပါလာသော ဆိုင်ကယ်သည် ရှေ့မှယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောလမ်းလယ်မှ ထွန်းလင်း အောင် မောင်းနှင်လာသော ခြောက်ဘီးယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး လက်ယာဘက်ယာဉ်ကြောမှ လူနှစ်ဦးစီးလာသော DAYAN-110 ဆိုင်ကယ် အား ယာဉ်နောက်ပိုင်းနှင့် ထပ်မံချိတ်မိခဲ့ရာ ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦး စလုံး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။ DAYAN-110 ဆိုင်ကယ် နောက်တွင် စီးနင်းလာသူ အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာများရရှိကာ အတွင်း လူနာ(စိုးရိမ်ရ)အဖြစ် ပဲခူးဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားကြီးနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ဘုရားကြီးမြို့အနီးတွင် ဖောကားယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ နှစ်ဦးသေ ဘုရားကြီးမြို့အနီးတွင် ဖောကားယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ နှစ်ဦးသေ Reviewed by THITHTOOLWIN on 10:19 Rating: 5
Powered by Blogger.