မြန်မာအစိုးရတပ် နှင့် KIA မူဆယ်မြို့နယ်တွင် တိုက်ပွဲ ဖြစ်


ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ်အွမ်ရွာနှင့် တီးမားရွာကြားတွင် မြန်မာစစ်တပ် တပ်မ (၁၁) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၉)တို့ ဇူလိုင် (၁၆)၊ ယနေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲတို ဖြစ်ပွားခဲ့သည်။

KIA တပ်မဟာ (၄) တပ်ရင်း (၉) နယ်မြေကို တပ်မတော် စစ်ကြောင်း ဝင်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦး ယခုလို ပြောသည်။

“ဒီမနက်ဘဲ ကျနော်တို့ ရွာအပြင်ဘက်မှ နာရီဝက် လောက် တိုက်ပွဲဖြစ်ခဲ့တယ်။ ရွာထဲမှာတော့ ဘာမှ မဖြစ်ဘူး။”

မြန်မာအစိုးရတပ်နှင့် KIA တပ်တို့ ဇူလိုင် (၁၄)ရက်နေ့တွင်လည်း ကချင်ပြည်နယ် ဖားကန့်လမ်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

Kachinnews
http://kachinnews.com/
မြန်မာအစိုးရတပ် နှင့် KIA မူဆယ်မြို့နယ်တွင် တိုက်ပွဲ ဖြစ် မြန်မာအစိုးရတပ် နှင့် KIA မူဆယ်မြို့နယ်တွင် တိုက်ပွဲ ဖြစ် Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.