အင်ဒိုနီးရှားတွင် လက်စားချေသည့်အနေဖြင့် မိကျောင်း ၂၉၂ကောင်အားသတ်ဖြတ်
ဂျကာတာ ဇူလိုင် ၁၆
အင်ဒိုနီးရှားနိုင်ငံတွင်မိကျောင်း မွေးမြူရေးခြံတစ်ခု၌လူတစ်ဦးအား မိကျောင်းတစ်ကောင်က ကိုက် ဖြတ်သတ်ဖြတ်သည်ကို လက်စား ချေသည့်အနေဖြင့် ရွာသားများက ဓားများ၊ တင်းပုတ်များ၊ တူများဖြင့် မိကျောင်း၂၉၂ကောင်ကိုသတ်ဖြတ် ခဲ့သည်ဟု သိရသည်။
Antara သတင်းဌာနမှ ဖော် ပြသည့်ဓာတ်ပုံများအရ သွေးများ ပေကျံနေသည့် မိကျောင်းအသေ များအပုံကြီးကိုတွေ့မြင်ရသည်။ အဆိုပါဖြစ်ရပ်သည် အင်ဒိုနီးရှား အရှေ့ပိုင်းရှိ အနောက်ပါပူးအာ ပြည်နယ်၏ ဆိုရောင်းခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
 အနောက် ပါပူးအာပြည်နယ်ရှိ သဘာဝ အရင်းအမြစ်ထိန်းသိမ်းရေးအေ ဂျင်စီအကြီးအကဲ Manullang ၏ ပြောကြားချက်အရအသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိကျောင်းမွေးမြူရေးခြံထဲသို့ဝင်ကာ တိရစ္ဆာန်များအားအစာကျွေးရန် အတွက် မြက်များဝင်ခူးရာမှ မိ ကျောင်း၏ တိုက်ခိုက်သတ်ဖြတ်မှု ကိုခံခဲ့ရဖွယ်ရှိသည်ဟုသိရသည်။
အဆိုပါ သေဆုံးခဲ့သူအား ယခုလ ၁၄ ရက်၌ မြှုပ်နှံသဂြုင်္ိဟ် ပြီးနောက် ရွာသားများသည် အဆို ပါမွေးမြူရေးခြံသို့ ဝင်ရောက်ကာ မိကျောင်းများအားလုံးကို သတ် ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၄င်း က ပြောကြားခဲ့သည်။
သို့သော်လည်း ၄င်းမိကျောင်း များသည် လူများကို နှောင့်ယှက် ခြင်းတစ်စုံတစ်ရာမရှိခဲ့ဖူးကြောင်း သိရသည်။ယခုလိုဖြစ်ရပ်မျိုးထပ်မံ ဖြစ်ပွားခြင်း မရှိစေရန်အတွက် လိုင်စင်ကိုင်ဆောင်ထားသည့် မွေး မြူရေးခြံများအနေဖြင့် ပတ်ဝန်း ကျင်နယ်မြေများကိုလုံခြုံမှုရှိစေရေး ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု လည်း Manullang က ပြောကြား ခဲ့သည်။
နောင်နောင်
Ref: Reuters
The Union Daily
https://www.facebook.com/uniondaily.net
အင်ဒိုနီးရှားတွင် လက်စားချေသည့်အနေဖြင့် မိကျောင်း ၂၉၂ကောင်အားသတ်ဖြတ် အင်ဒိုနီးရှားတွင် လက်စားချေသည့်အနေဖြင့် မိကျောင်း ၂၉၂ကောင်အားသတ်ဖြတ် Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.