အရက်မူးပြီး ပြဿနာရှာနှိပ်စက်သူ ယောက်ျာအား ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး


၁၉.၇.၂၀၁၈ ရက်နေ့ ၁၈:၀၀ အချိန်ခန့်က လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် တပင်ရွှေထီးလမ်းတွင် အရက်မူးပြီး ပြဿနာရှာနှိပ်စက်သူ အမျိုးသားအား ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုးရာ ယောက်ျားဖြစ်သူ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၁၉.၇.၂၀၁၈ရက်နေ့ ၁၈:၀၀ အချိန်ခန့်က ဒေါ်------- အိမ်တွင်ရှိနေစဉ် သေဆုံးသူ ဦးငြိမ်းဇော်ဦး မှာ အရက်မူးပြီး အိမ်သို့ပြန်လာကာ ပြဿရှာပြီး အိမ်တိုင်အား သစ်သားတုတ်ဖြင့်ရိုက်လိုက်ရာ သစ်သားချောင်းမှာ ပြန်ကန်လွင့်စင်ပြီး သမီးဖြစ်သူ ပန်းအိဖြူ (၉)နှစ်၏ ဦးခေါင်းအား ထိမိသဖြင့် လင်မယားခြင်း စကားများ ရန် ဖြစ်ကာ စိတ်တိုပြီး မ---------မှ မီးဖိုချောင်သုံး ပန်းရောင်ကော်ရိုးတပ် စတီးဓါးဦးချွန်ဖြင့် ထိုးလိုက်ရာဦးငြိမ်းဇော်၏ ဝဲဘက် ရင်အုံသို့ ထိုးမိပြီးသွားသဖြင့် အနီးရှိ ဆေးခန်းသို့သွားရောက် ပြသရာဆေးရုံသို့ ပို့ဆောင်ရန်ညွှန်ကြား၍ လှိုင်သာယာဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါသည်။

လင်မယားခြင်း စကားများရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူ ဦးငြိမ်းဇော်ဦးအား သေဆုံးအောင်ဓါးဖြင့်ထိုးသူမ-----------(၃၇)နှစ်အား လှိုင်သာယာမြို့မရဲစခန်းမှ ပ/၂၇၁၁/၂၀၁၈ ရာဇသက်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Tin Naing Tun
အရက်မူးပြီး ပြဿနာရှာနှိပ်စက်သူ ယောက်ျာအား ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး အရက်မူးပြီး ပြဿနာရှာနှိပ်စက်သူ ယောက်ျာအား ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.