စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

အရက်အတူသောက်ရာမှ စကားမျာရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွား
လှိုင်သာယာ ဇူလိုင် ၁၉

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် ဓားထိုးခံရပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်နေ့ ညနေ ၄ နာရီ ၄၇ ခန့် အချိန်တွင် အမှတ်(၅)ရပ်ကွက်၊ ဘောဂမြိုင်(၅)လမ်း၊ အိမ်အမှတ်(၁၂၇၄-၁၂၇၅)တွင် နေထိုင်သူ ဦးမြ၀င်း(သ) ၆၅ နှစ်(ဘ)ဦးချစ်မောင်နှင့် ၎င်းလမ်းနေ အိမ်အမှတ်(၁၂၇၈-၁၂၇၉) ဦးအောင်မိုးဦး(သ) ၃၃ နှစ်(ဘ) ဦးမြမိုး တို့နှစ်ဦးသည် အမှတ်(၅)ရပ်ကွက်၊ မြရိပ်ညိုလမ်းမပေါ်၌ စကားများရန်ဖြစ်ရာ ဦးအောင်မိုးဦး ဆိုသူမှ ဦးမြ၀င်းအား ဓားဖြင့် (၃)ချက် ထိုး၍ နေရာတွင်ပင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ကြည်ဝင်း(သ) ၅၇နှစ် (ဘ)ဦးကျင်စိန် မှ လှိုင်သာယာ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ လှိုင်သာယာမြို့မရဲစခန်းက ဦးအောင်မိုးဦးအား (ပ) ၂၇၁၀/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.