ဖမ်းခံရတဲ့ မြန်မာလုပ်သား ၄ ထောင်ကျော် နေရပ်ပြန်လာ

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြဝတီ ကျောက်လုံးကြီးစခန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က ရောက်ရှိလာခဲ့စဉ်/ Photo: Kyaw Lwin Oo/ RFA
ထိုင်းနိုင်ငံမှာ အထောက်ထားမဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးအရေးယူနေတာကြောင့် ဇူလိုင် ၁ ရက်နေ့ကနေ မနေ့ကအထိ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ၄ ထောင်ကျော် နေရပ်ပြန်လာကြပါတယ်။

အများစုကတော့ မြ၀တီနယ်စပ်ကနေ ၀င်လာတာများပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက နေရပ်ကို ပြန်ပို့ပေးနေ တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

"ဆရာတို့ဆီက ထုံးစံအတိုင်းပေါ့။ အဲ့ဒီမှာရှိတဲ့ ခ.ရ.က ရယ်၊ လူကယ်ပြန်ရယ်၊ အလုပ်သမားရယ်၊ CSO တွေရယ် ပေါင်းပြီးတော့မှ ကြိုဆိုပြီးတော့မှ မြ၀တီ ဆိုလို့ရှိရင် လူကယ်ပြန်က ထောက်ပံ့ပြီးတော့မှ ကားကြီးတွေနဲ့ လိုက်ပို့ပေးတာပေါ့နော်။ တာချီလိတ်က ပြန်ဝင်လာတာတော့ရှိတယ်။ လူတော့နည်းတယ်။ ကော့သောင်းကတော့ ပြန်ဝင်လာတာ မရှိသေးဘူး"

နှစ်ဖက်အစိုးရ သဘောတူညီချက်အတိုင်း ထိုင်းနိုင်ငံက ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာဌာနတွေဆီ ကို ပြန်လွှဲပြောင်းပေးနေတာဖြစ်ပါတယ်။

ပြန်ဝင်လာတဲ့ မြန်မာအလုပ်သမားတွေကို တရားဝင် MOU စနစ်နဲ့ သွားလို့ရအောင် ဆက်ပြီး ကူညီပေးသွားမယ်လို့ လည်း ဦးဝင်းရှိန် က ပြောပါတယ်။

ဖမ်းမိတဲ့မြန်မာအလုပ်သမား အများစုဟာ တရားမ၀င် သွားရောက်နေထိုင်သူတွေ ရှိသလို နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးပြီးနောက် သက်တမ်းထပ်မတိုးထားတာကြောင့် တရားမ၀င်ဖြစ်သွားသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

ဖမ်းခံရတဲ့ မြန်မာလုပ်သား ၄ ထောင်ကျော် နေရပ်ပြန်လာ ဖမ်းခံရတဲ့ မြန်မာလုပ်သား ၄ ထောင်ကျော် နေရပ်ပြန်လာ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.