ကျောက်မဲမြို့နယ်၌ နွားများတင်လာသည့်ယာဉ် ပစ်ခတ်ခံရ၍ ယာဉ်မောင်းသေဆုံး


ကျောက်မဲ ဇူလိုင် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု မန်တန် ရွာအနီး ပြည်ထောင်စုကားလမ်းမကြီးတွင် နွားများတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးအား ဇူလိုင် ၉ ရက် နံနက် ၈ နာရီခန့်က လက်နက် ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် ယာဉ်မောင်းဖြစ်သူမှာ သေနတ်ဒဏ်ရာ နှစ်ချက်ရရှိပြီး သေဆုံးသွားခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူအား နောင်ချိုမြို့မှ ကရုဏာရှင်လူမှုကူညီရေးအသင်း မော်တော် ယာဉ်ဖြင့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ နေရာအနီးတွင် ဇွန် ၁၁ ရက်ကလည်း နွားတင်ယာဉ်တစ်စီးအား လက်နက် ငယ်များဖြင့် ပစ်ခတ်ခံရပြီး ယာဉ်မောင်းသူပါ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သီပေါကိုလတ်
The Mirror Daily
https://www.facebook.com/TheMirrorDaily/

ကျောက်မဲမြို့နယ်၌ နွားများတင်လာသည့်ယာဉ် ပစ်ခတ်ခံရ၍ ယာဉ်မောင်းသေဆုံး ကျောက်မဲမြို့နယ်၌ နွားများတင်လာသည့်ယာဉ် ပစ်ခတ်ခံရ၍ ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 10:20 Rating: 5
Powered by Blogger.