တရုတ်မြန်မာ စီးပွားရေး စင်္ကြံလမ်း စမယ်

 ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံကို သွားတုန်းက ဒီစီမံကိန်း လုပ်ဆောင်ဖို့ မူအရ သဘောတူ ခဲ့တာ ဖြစ်ပါတယ်
မြန်မာ တရုတ် နှစ်နိုင်ငံ စီးပွားရေး စင်္ကြံလမ်း လမ်းဖောက် လုပ်မယ့် အစီ အစဉ်တွေနဲ့ ပတ်သက်လို့ နှစ်ဖက် တာဝန် ရှိသူတွေ ဆွေးနွေးလို့ ပြီးသွား ပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ် နိုင်ငံကို သွားရောက်တဲ့ အချိန်တုန်းက ဒီစီမံကိန်း လုပ်ဆောင်ဖို့ မူအရ သဘောတူ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မှာတော့ လုပ်ဆောင်မယ့် စီမံကိန်း တွေနဲ့ ပတ်သက်လို့ နှစ်ဘက် အစိုးရ တာဝန်ရှိ သူတွေ အပြန် အလှန် ဆွေးနွေး ညှိနှိုင်း ခဲ့ကြပြီး အခု ဆွေးနွေး မှုတွေ ပြီသွားပြီ လို့ မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမူ ကော်မရှင် ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။

ဒီစီးပွားရေး စင်္ကြံလမ်းဟာ တရုတ် အစိုးရရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတခု စီမံကိန်းရဲ့ အစိတ် အပိုင်း တစ်ခု ဖြစ်ပါတယ်။

စင်္ကြံလမ်း အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ အခြေခံ အဆောက်အဦး ဖွံဖြိုးရေး၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်း များ၊ ဖွံဖြိုး တိုးတက်ရေး စက်မူဇုန် ဖွံ့ဖြိုးရေး လမ်းတံတား တည်ဆောက်ရေး၊ စိုက်ပျိုးရေး မွေးမြူရေး၊ ပညာရေး ကျန်းမာရေး အပါ အဝင် စုစုပေါင်း ၁၅ ခု ခန့် ရှိပါတယ်။

ဒီစီးပွားရေး စင်္ကြံလမ်းကို အားယူ ပြီးတော့ နိုင်ငံ တကာ ရင်းနှီး မြှုပ်နှံမူတွေကို ဖိတ်ခေါ်မှာ ဖြစ်တယ် လို့လည်း ဦးမင်းဇော် ဦး ကပြောပါတယ်။
ဒီနှစ် မကုန်ခင် စီးပွားရေး စင်္ကြန်လမ်းနဲ့ ပတ်သက်လို့ နာလည်မူ စာချွန်လွှာ လက်မှတ် ရေးထိုး နိုင်မယ်
စီးပွားရေး စင်္ကြံ လမ်းတစ်လျှောက် လုပ်ဆောင်မယ့် အခြေခံ အဆောက် အဦးတွေ လမ်း တံတားတွေကို တရုတ် နိုင်ငံ တခုတည်းက လုပ်ဆောင်မှာ မဟုတ်ပဲ နိုင်ငံ တကာ အဖွဲ့ အစည်း တွေကို တင်ဒါ ခေါ်ပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းက နောက်ဆုံး ဆွေးနွေးခဲ့ ကြပြီး ဆွေးနွေး ပြီးတာတွေနဲ့ ပတ်သက်လို့ တရုတ် အစိုးရ ဘက်က သဘောတူ ထားပြီး ဖြစ်ပေ မယ့် မြန်မာ အစိုးရ တာဝန် ရှိသူတွေကို တော့ လာမယ့် သီတင်းပတ် ထဲမှာ တင်ပြပြီး အတည်ပြု မှာ ဖြစ်ပါတယ်။

တကယ်လို့ မြန်မာ အစိုးရ တာဝန်ရှိ သူတွေက သဘောတူညီပြီး ရင်တော့ တရုတ် နိုင်ငံ အစိုးရ ဘက်က ဝန်ကြီးချုပ် ဒါမှမဟုတ် သမ္မတ တို့ အားလပ် တဲ့ အချိန် မြန်မာ နိုင်ငံကို လာရောက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ ရှေ့ မှာ တာဝန်ယူ လုပ်ဆောင်မယ့် ဝန်ကြီး ဌာန အကြီးအကဲ ကနေ လက်မှတ် ထိုးမှာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေရဲ့ ပြောဆို မူအရ ဒီနှစ် မကုန်ခင် စီးပွားရေး စင်္ကြံလမ်းနဲ့ ပတ်သက်လို့ နာလည်မူ စာချွန်လွှာ လက်မှတ် ရေးထိုး နိုင်မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
တရုတ်မြန်မာ စီးပွားရေး စင်္ကြံလမ်း စမယ် တရုတ်မြန်မာ စီးပွားရေး စင်္ကြံလမ်း စမယ် Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.