လပွတ္တာမြို့နယ်၌ ဇနီးမောင်နှံ(၂)ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား


၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် လပွတ္တာမြို့နယ်၊ သိုင်းကုန်း ကျေးရွာနေ စောပါဖလု(၃၃)နှစ်နှင့် ဇနီး မနော်မာမာအောင်(၂၈)နှစ်တို့သည် ၎င်းတို့၏ နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားခဲ့ ကြောင်းသိရပါသည်။

 အလောင်းများအား (၃)မိုင်မြို့ ခုတင်(၂၀)ဆေးရုံသို့ပို့အပ်ခဲ့ပြီး ကန်ဘက်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
လပွတ္တာမြို့နယ်၌ ဇနီးမောင်နှံ(၂)ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား လပွတ္တာမြို့နယ်၌ ဇနီးမောင်နှံ(၂)ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:31 Rating: 5
Powered by Blogger.