ရည်းစား ဖြစ်သူနှင့် အဆင်မပြေ၍ ကြိုးဆွဲချသေဆုံး


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်တွင် ဇူလိုင်လ ၂၉ ရက်နေ့ က အမျိုးသားတစ်ဦး ရည်းစား ဖြစ်သူနှင့် အဆင်မပြေ၍ ကြိုးဆွဲချသေဆုံး ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်တွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူ သွားရောက်စစ် ဆေးခဲ့ပါသည်။

 သေဆုံးသူမှာ အဆိုပါရပ်ကွက်နေ မျိုးပြည့်စုံအောင်(၂၀)နှစ်ဖြစ်ပြီး ၎င်းသည်ရည်းစား ဖြစ်သူနှင့် အဆင်မပြေသည်ကို စိတ်ထိခိုက်ရာမှ နိုင်လွန်ကြိုးအားအသုံးပြု၍ ကြိုးဆွဲချသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် မြောက်ဥက္ကလာပမြို့မရဲစခန်း သေမှုသေခင်း အမှတ် စဉ် (၂၂ /၂၀၁၈) ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ရည်းစား ဖြစ်သူနှင့် အဆင်မပြေ၍ ကြိုးဆွဲချသေဆုံး ရည်းစား ဖြစ်သူနှင့် အဆင်မပြေ၍ ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 23:29 Rating: 5
Powered by Blogger.