ရေနံချောင်းဒီဂရီ ကောလိပ်အနီး ဂူတစ်ဂူ အတွင်းမှ အရှည်(၈)ပေ၊ လုံးပတ် (၁၁) လက်မခန့်ရှိ စပါးအုံးမြွေ တစ်ကောင်တွေ့ရှိ


ရေနံချောင်း ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး ၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းဒီဂရီကောလိပ် အနီးဂူ တစ်ဂူ အတွင်းမှ အရှည်(၈)ပေ ၊လုံးပတ် (၁၁) လက်မခန့်ရှိ စပါးအုံးမြွေ တစ်ကောင်ကို ဇူလိုင်လ (၁၅)ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်က သစ်တပွေရပ်ကွက်မှ ကလေးများက စတင်တွေ့ရှိခဲ့သည်။

အဆိုပါစပါးအုံးမြွေကြီးအား ရေနံချောင်းမြို့၊ သစ်တပွေ ရပ်ကွက်နေ ဦးချစ်ရွှေမြင့်(ခ)ကရင် ဆိုသူက ဂူအတွင်းမှ သစ်တပွေရပ်ကွက်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများကို အသိပေး အကြောင်းကြား ထားပြီး ခွင့်ပြုချက် ရရှိပြီးဖြစ်သဖြင့် ရေနံချောင်းမြို့ ၊ သစ်တပွေရပ်ကွက် ၊ DENKO စက်သုံးဆီ အရောင်းဆိုင် အနီး ဆုတောင်းပြည့် မြတ်စောလူ နဂါးရုံဘုရားတွင် ဘုရားမြွေအဖြစ် ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရေနံချောင်းဒီဂရီ ကောလိပ်အနီး ဂူတစ်ဂူ အတွင်းမှ အရှည်(၈)ပေ၊ လုံးပတ် (၁၁) လက်မခန့်ရှိ စပါးအုံးမြွေ တစ်ကောင်တွေ့ရှိ ရေနံချောင်းဒီဂရီ ကောလိပ်အနီး ဂူတစ်ဂူ အတွင်းမှ အရှည်(၈)ပေ၊ လုံးပတ် (၁၁) လက်မခန့်ရှိ စပါးအုံးမြွေ တစ်ကောင်တွေ့ရှိ Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.