လူမှောင်ခိုသမား ၂၃ ယောက်ကို ထိုင်းရဲ ဖမ်းဆီးနိုင်ခဲ့

Photo: MUNIR UZ ZAMAN / AFP
 မြန်မာနဲ့ မလေးရှားကြားက လူမှောင်ခို ကွန်ရက်လမ်းကြောင်းကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားကို လူမှောင်ခို တင်ပို့နေတဲ့ လမ်းကြောင်းတွေကို ထိုင်းရဲတပ်ဖွဲ့က သုံးလကြာ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာမှာ လူမှောင်ခိုသမား ၂၃ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ ပါတယ်။

လူမှောင်ခို စစ်ဆင်ရေးကို မေလက စတင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ခိုဆောင်းကျွန်းကနေ ထိုင်းနိုင်ငံ ရနောင်း၊ အဲဒီကတဆင့် ထိုင်းတောင်ပိုင်းက ဟတ်ရိုင်အထိ ဘတ်စကားလမ်းကြောင်း၊ အဲဒီကမှ ထိုင်းနဲ့ မလေးရှားနယ်စပ်အထိ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားခရီးသည်များဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲတဦးက ပြောပါတယ်။

အဓိက ခိုးသွင်းလာသူတွေက ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေနဲ့ မြန်မာတိုင်းရင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိသူ လူမှောင်ခိုသမား ၂၃ ယောက်ထဲက ၄ ယောက်ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး၊ ဒီလုပ်ငန်းမှာ ပါဝင်နေကြတာ ၅ နှစ်ကျော်ရှိပြီလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လူမှောင်ခိုသမား ၂၃ ယောက်ကို ထိုင်းရဲ ဖမ်းဆီးနိုင်ခဲ့ လူမှောင်ခိုသမား ၂၃ ယောက်ကို ထိုင်းရဲ ဖမ်းဆီးနိုင်ခဲ့ Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.