မအူပင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အသက်(၈၀)ကျော်လင်မယားအားသတ်ခဲ့သည့် ဖြစ်စဉ်မှ တရားခံအား ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ ဇူလိုင် ၁၇

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာနေ ဦးသက်လွင်(၄၈)နှစ်သည် နေအိမ်၌ရှိနေစဉ် တစ်ရွာတည်းနေ ယောက္ခမဖြစ်သည့် ဦးတင်လှိုင်(၈၀)နှစ်နှင့် ဒေါ်ရီ(၈၁)နှစ် တို့မှာ နေအိမ်တွင် သေဆုံးနေကြောင်း သိရှိရ၍ ကျေးရွာအုပ် ချုပ်ရေးမှူးထံ အကြောင်းကြားပြီး ကျွဲဒုံးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့်အတူ သွားရောက်ရာ ဦးတင်လှိုင်နှင့် ဒေါ်ရီတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည် ကိုတွေ့ရှိရသောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ ကျွဲဒုံးနယ်မြေရဲစခန်း(ပ)၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

အမှုမှ တရားခံအား ဖော်ထုတ်နိုင်ရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဘဝင်း ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဆောင်ရွက်စဉ် အမှုမှ မသင်္ကာသူ ပေကုန်းကျေးရွာနေ ဝဏ္ဏစိုး(၄၁)နှစ်အား ခေါ်ဆောင် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ဝဏ္ဏစိုးသည် လွန်ခဲ့သော(၁)နှစ်ခွဲခန့်က ဦးတင်လှိုင်နှင့် ဒေါ်ရီတို့ ပိုင်ဆိုင် သည့် ကိုင်းမြေ(၁)ဧကခွဲတွင် ကွမ်းစိုက်ခဲ့ကြောင်း၊ ကိုင်းငှားခအဖြစ် ဦးတင်လှိုင်နှင့် ဒေါ်ရီ တို့အား ဆေးကုသရန်ငွေကြေးထောက်ပံ့ခဲ့ကြောင်း၊ လွန်ခဲ့သော(၃/၄)လခန့်တွင် ၎င်းလုပ်ကိုင်နေသည့် ကိုင်းမြေထဲမှ ဧကဝက်ခန့်အား မင်းမင်းဆိုသူကို ရောင်းချခဲ့ခြင်း၊ ကျန်ဧကဝက်အား မင်းမင်း အား အငှားချ လုပ်ကိုင်စေခြင်းတို့ကြောင့် ၎င်းမှာ ဧကဝက်ခန့်သာ လုပ်ကိုင်ခွင့်ရကြောင်း၊ အဆိုပါ ဧကဝက် ပေါ်တွင် စိုက်ပျိုးထားသည့် ကွမ်းခြံအား အမြန်ဖျက်ပေးရန် ဒေါ်ရီမှ မကြာခဏပြောဆိုသဖြင့် တစ်ဦးနှင့် တစ်ဦးစကားများကြပြီး ဒေါ်ရီအပေါ်တွင် မကျေနပ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၄ ရက်နေ့ည ၇ နာရီအချိန် ဆေးသောက်ပြီးအိပ်ယာဝင်ခဲ့ရာ အိပ်မပျော်သဖြင့် ည ၁၂ နာရီအချိန်တွင် မင်္ဂလာ ဆွမ်းကျွေးပြုလုပ်သည့် ဦးမြရွှေ၏ နေအိမ်သို့ ဓားမတစ်ချောင်းကိုင်ဆောင်ပြီး ဓာတ်မီးတစ်လက်ဖြင့် သွားရောက်ခဲ့ရာ အဆိုပါအိမ်တွင် လူများအိပ်နေသဖြင့် ဦးတင်လှိုင်တို့ နေအိမ်သို့ ဆက်လက် သွားရောက်ခဲ့ကြောင်း၊ ဒေါ်ရီမှ အိမ်ပေါ်တက်ရန်ခေါ်သဖြင့် တက်ခဲ့ပြီး စကားပြောနေစဉ် ဒေါ်ရီမှ ၎င်းစိုက်ပျိုးထားသည့် ကွမ်းခြံအား ဖျက်ပေးရန်ပြောဆိုသောကြောင့် တစ်ယောက်တစ်ခွန်း စကားများခဲ့ရာမှ ဒေါ်ရီအား တွန်းလှဲ၍ လည်ပင်းအားဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ထိုသို့ ခုတ်လိုက်သည်ကို ခြင်ထောင်ထဲတွင်အိပ်နေသည့် ဦးတင်လှိုင် မြင်တွေ့သွားသောကြောင့် ဦးတင်လှိုင်၏ ရင်ဘတ်ပေါ်သို့ တက်ခွကာ လည်ပင်းအား ဓားဖြင့်လှီးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သဖြင့် ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မအူပင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အသက်(၈၀)ကျော်လင်မယားအားသတ်ခဲ့သည့် ဖြစ်စဉ်မှ တရားခံအား ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူထား မအူပင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အသက်(၈၀)ကျော်လင်မယားအားသတ်ခဲ့သည့် ဖြစ်စဉ်မှ တရားခံအား ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးအရေးယူထား Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.