မိုးညှင်း မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်


မိုးညှင်း ၊ ဇူလိုင် ၁၆

ကချင်ပြည်နယ်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ
မိုးညှင်းမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအိ ယမန်နေ့ည က ကွယ်လွန်သွားကြောင့် သိရသည်။

ဒေါ်စန်းစန်းအိ သည်အသက် ( ၅၀)နှစ်အရွယ်ရှိနေပြီး ပန်ကရိယ (ခ)သရက်ရွက် ကင်ဆာ ဝေဒနာ ဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆန့် ဆေးရုံ၌ ဆေးကုသခံယူနေစဉ် ဇူလိုင်လ ၁၅ ရက် နေ့ ည ၁၀ နာရီခွဲအချိန်က ကွယ်လွန်သွားခဲ့ကြောင်း မိုးညှင်းမြို့နယ်လွှတ်တော်ရုံးက သိရသည်။

ဒေါ်စန်းစန်းအိ ကွယ်လွန်တာသိရလို့ကျွန်တော်တို့လည်းနေပြည်တော်ကိုလိုက်သွားဖို့ပြင်နေပါတယ် ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
ဦးတင်အေးက မြစ်ကြီးနား သတင်းဂျာနယ်သို့ပြောသည်။

ထွန်းထွန်း
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
မိုးညှင်း မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန် မိုးညှင်း မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန် Reviewed by THITHTOOLWIN on 11:38 Rating: 5
Powered by Blogger.