တောဝက်လူငယ် ဘောလုံးအသင်းသားတွေ ရှင်ပြု

ကိုရင်ဝတ်မယ့် တောဝက်လူငယ် ဘောလုံးအသင်းသားတွေကို ၂၀၁၈ ဇူလိင် ၁၉ ရက်နေ့က တွေ့ရစဉ်
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထမ့်လွန်ဂူထဲ ၉ ရက်ကြာ ပိတ်မိပြီး အသက်ရှင်ရက်ကယ်တင်နိုင်ခဲ့တဲ့ တောဝက်လူငယ် ဘောလုံးသင်း အဖွဲ့ဝင်အများစုဟာ ဒီ သီတင်းပတ်အတွင်း ရှင်ပြုကြမယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဆေးရုံကဆင်းလာပြီး ပထမရက်တွေမှာ သူတို့တွေဟာ အိမ်မှာပျော်ပျော်ရွှင်ရွှင်နေပြီး မြန်မာနိုင်ငံနယ်စပ်နားမှာရှိတဲ့ ဂူတွင်းပိတ်နေခဲ့တဲ့ ခြောက်ချားဖွယ်ရာ ရက်တွေအကြောင်း မီဒီယာတွေကို ပြောပြကြပါတယ်။

အသက် ၁၁ နှစ်က ၁၆ နှစ်ရွယ် ယောက်ျားလေး ၁၂ ယောက်နဲ့ အသင်းနည်းပြတို့ ဂူထဲ ဇွန်လ ၂၃ ရက်က ဝင်သွးပြီးတဲ့နောက် မုတ်သုံမိုးရေတွေ ဂူထဲစီးလာတာမို့ အပြင်ပြန်ထွက်လို့မရတော့ဘဲ ဂူထဲပိတ်နေခဲ့ပါတယ်။ နောက်မှ ကယ်ဆယ်ရေးသမားတွေနဲ့ ပြန်တွေ့ရလို့ အသက်ရှင်ရက် အိမ်ပြန်လာနိုင်ကြပါတယ်။

ဆေးရုံ တပတ်တက်ချိန်မှာ နာလန်အမြန်ပြန်ထူလာပြီး အပြင်ကိုပထမဆုံးထွက်ရတဲ့နေ့မှာ သူတို့ကို ကယ်ဆယ်တုန်း သေဆုံးသွားတဲ့ ထိုင်းရေတပ် SEAL အဖွဲ့ဝင်အတွက် ဆုတောင်းပွဲ ကျင်းပပါတယ်။ ခု နောက်တဆင့်အနေနဲ့ ပုံမှန်ဘဝပြန်လည်မလှုပ်ရှားခင် ကိုရင် ၉ ရက်ဝတ်ကြပါမယ်။
၁၁ ယောက်က ကိုရင်ဝတ်ပြီး နည်းပြဆရာက ပဉ္စင်းခံမယ်လို့ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

တောဝက်လူငယ် ဘောလုံးအသင်းသားတွေ ရှင်ပြု တောဝက်လူငယ် ဘောလုံးအသင်းသားတွေ ရှင်ပြု Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.