ကျောင်းသားတွေတိုက်ခိုက်လို့ အတိုက်အခံ သတင်းစာအယ်ဒီတာ ဒဏ်ရာရ

 အတိုက်အခံ သတင်းစာအယ်ဒီတာ မာမူဒါ ရာမန် ကို ၂၀၁၃ ဧပြီလ ၁၁ ရက်နေ့ကတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိအာဏာရ အ၀ါမီလိဂ် ပါတီကို ထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေ က ထင်ရှားတဲ့ အတိုက်အခံ သတင်းစာအယ်ဒီတာတဦးကို ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြလို့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

စောင်ရေအမြောက်အများထုတ်ဝေနေရတဲ့ အမာဒက်ရှ် သတင်းစာရဲ့ အယ်ဒီတာတဦးဖြစ်ခဲ့သူ အသက် ၆၆ နှစ်အရွယ် မာမူဒါ ရာမန် ကို နိုင်ငံအနောက်ပိုင်း ကုရှီးယားမြို့ တရားရုံးတရုံးကနေ အာမခံရရှိပြီး အထွက်မှာ အာဏာရ အ၀ါမီလိဂ် ပါတီရဲ့ ကျောင်းသားအစုအဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ကြတာပါ။

တရားရုံးအပြင်မှာ ကျောင်းသားတွေ ၀ိုင်းထားတဲ့အတွက် အယ်ဒီတာ ရာမန်ဟာ တရားရုံးတွင်းမှာ ငါးနာရီ လောက် ပိတ်မိနေခဲ့ပါတယ်။ အဲဒီနောက် ကားဆီအသွားမှာ ကျောင်းသားတွေက ခဲတွေ၊ တုတ်တွေနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ရာမန်ဟာ အခုအခါ ဒါကာမြို့က ဆေးရုံတရုံမှာ ကုသမှုခံယူနေရပါတယ်။

ရာမန်ရဲ့သတင်းစာကို အစိုးရက ၂၀၁၃ ခုနှစ်မှာ ပိတ်ပစ်ခဲ့ပြီး၊ ရာမန်ကိုလည်း အမှုပေါင်း ၈၀ လောက်နဲ့ တရားစွဲဆိုခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကျောင်းသားတွေတိုက်ခိုက်လို့ အတိုက်အခံ သတင်းစာအယ်ဒီတာ ဒဏ်ရာရ ကျောင်းသားတွေတိုက်ခိုက်လို့ အတိုက်အခံ သတင်းစာအယ်ဒီတာ ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:16 Rating: 5
Powered by Blogger.