“o “ဒေသတွင် ဆေးကြောင်နေသည်ဆိုသူ တစ်ဦးက လူ ၇ ဦးကို ဓားဖြင့်ခုတ်သတ်

(10.6.2018)နေ့ "ဝ"ပြည်နယ် မန်မန်ဆိုင်မြို့သတ္တုတွင်းမှာ ဆေးကြောင်ပြီး ပတ်ဝန်းကျင်ရှိလူ (၇) ယောက်အားခုတ်သတ်ထွက်ပြေးခဲ့တဲ့ တရားခံအား အခင်းဖြစ်ပွားရာပတ်ဝန်းကျင်ရှိလူများမှရိုက်နှက်ဖမ်းဆီးခဲ့ကြပြီး ဝိန်းကောင်ခရိုင်ရဲစခန်းသို့အပ်နှံကာ ၎င်းတရားခံအားအမှုစစ်ဆေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ဓါတ်ပုံ = ညီရမ်း
လားရှိုး၊ ဇွန် ၁၈။

“ဝ”တပ်ဖွဲ့ (UWSA )ထိန်းချုပ်ရာ “ဝ” ဒေသ မန်မန်ဆိုင်မြို့တွင် ဆေးကြောင်နေသည်ဆိုသူတစ်ဦးက လူ ၇ ဦးကို ဓားဖြင့်ခုတ်သတ်၍ ထွက်ပြေးခဲ့သည့် အမှုတစ်ခု ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ရှိ (UWSA )ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ယနေ့ ( ဇွန် ၁၈)ညပိုင်းတွင် AHN သို့ပြောသည်။

“ “ဝ"ပြည်နယ် မန်မန်ဆိုင်မြို့ သတ္တုတွင်းမှာဖြစ်တာပါ။ လူတစ်ယောက်က ဆေးကြောင်ပြီး ပတ်ဝန်းကျင်ရှိလူ (၇) ယောက်ကိုခုတ်သတ်ထွက်ပြေးခဲ့တာပါ။ ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်ပွားရာပတ်ဝန်းကျင်ရှိလူများက ရိုက်နှက်ဖမ်းဆီးခဲ့ကြပြီး ကျွန်တော်တို့ ရဲ့ ဝိန်းကောင်ခရိုင် ရဲစခန်းသို့ အပ်နှံခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူကို စစ်ဆေးနေပါပြီ။ နှစ်ဦးသေပြီး ကျန် ၅ ဦးကိုဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ အတိအကျကတော့ မနက်ဖြန်မှ သိရမှာပါ “ ဟု ၄င်းကပြောသည်။

လူသတ်မှုဖြစ်သည့် အတွက် ပြစ်မှုကျူးလွန်သူမှာ သေဒဏ်ကျခံရနိုင်ဖွယ်ရှိသည်ဟုလည်း ဦးညီရမ်းကပြောသည်။ “ “ဝ"ဒေသတွင် ပြစ်မှုကျူးလွန်ပါက UWSA အဖွဲ့၏စည်းကမ်းများ အတိုင်း ပြစ် ဒဏ် ပေးလေ့ရှိသည်ဟုလည်း ၄င်းကဆိုသည်။

စိုင်းမင်း
The Asia Heart News
“o “ဒေသတွင် ဆေးကြောင်နေသည်ဆိုသူ တစ်ဦးက လူ ၇ ဦးကို ဓားဖြင့်ခုတ်သတ် “o “ဒေသတွင် ဆေးကြောင်နေသည်ဆိုသူ တစ်ဦးက လူ ၇ ဦးကို ဓားဖြင့်ခုတ်သတ် Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.