အင်ဒိုနီးရှားတွင် အမျိုးသမီး တစ်ဦး မြွေမျိုခံရ၍ သေဆုံး


ဂျာကာတာ၊ ဇွန် ၁၈ ။

ဇွန်လ ၁၅ ရက်နေ့က ၊ အင်ဒိုနီးရှားနိုင်ငံ ၊ Sulawesi. ပြည်နယ် ၊ Muna ကျွန်းပေါ်မှာရှိတဲ့ ၊ Persiapan Lawela ဆိုတဲ့ရွာကလေးမှာ အသက် ၅၄ နှစ် အရွယ် အမျိုးသမီး တစ်ဦး စပါးကြီး မြွေ အမျိုခံရတာကြောင့် သေဆုံးသွားခဲ့တယ်လို့ The Guardian သတင်းမှာဖော်ပြပါတယ်။

 သေဆုံးသူ အမျိုးသမီး ဟာ Wa Tiba ဆိုသူဖြစ်ပါတယ်။ သူဟာ ဇွန်လ ၁၄ ရက်နေ့ညနေပိုင်းက သူ့ရဲ့ ဟင်းသီးဟင်းရွက်ခြံကနေ နေအိမ်ကိုပြန်လည်ရောက်ရှိလာခြင်း မရှိတာကြောင့် ရွာသားတစ်ရာကျော်က သူ့ ကိုလိုက်လံရှာဖွေခဲ့ကြတာပါ။

ဒီလိုရှာဖွေနေရင်း သံသယဖြစ်ဖွယ် ၂၃ ပေ အရှည်ရှိတဲ့ စပါးကြီး မြွေတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ ဒီမြွေကို သတ်ပြီး ၀မ်းဗိုက်ကို ခွဲကြည့်ရာမှာတော့ မြွေဗိုက်ထဲမှာသေဆုံးနေတဲ့ Wa Tiba ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မြွေဟာ အမျိုးသမီးကို ဦးခေါင်ကစပြီး မျိုခဲ့တာလို့ဆိုပါတယ်။ မြွေ ဗိုက်ထဲမှာတွေ့ရတဲ့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကတော့ ပျက်စီးမှုမရှိဘူးလို့သိရပါတယ်။

ကိုမျိုး
PHOTO - S
The Asia Heart News
အင်ဒိုနီးရှားတွင် အမျိုးသမီး တစ်ဦး မြွေမျိုခံရ၍ သေဆုံး အင်ဒိုနီးရှားတွင် အမျိုးသမီး တစ်ဦး မြွေမျိုခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.