အမေရိကန်ကို ကိုယ်ကျိုးစီးပွါးကာကွယ်ရေး မလုပ်ဖို့ IMF တိုက်တွန်း


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အသစ်ထုတ်ပြန်မယ့် သွင်းကုန်အခွန်နှုန်းထားအသစ်များဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်တွေကို ထိခိုက်နိုင်ပြီး တခြားနိုင်ငံတွေက လက်တုန့်ပြန် ဆောင်ရွက်တာမျိုးတွေလည်း ဖြစ်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောဆိုပါတယ်။

အမေရိကန်သမ္မတဟာ သူရဲ့ အဓိက မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ မက္ကဆီကိုအပါအဝင်နိုင်ငံတွေက တင်သွင်းတဲ့ သံမဏိနဲ့ အလျူမီနီယံသတ္တုသွင်းကုန်တွေကို မြှင့်တင်လိုက်တာဖြစ်ပါတယ်။

ဒီဆောင်ရွက်မှုကြောင့် တဘက်နိုင်ငံတွေဘက်က တုန့်ပြန်ပြီးအခွန်မြှင့်တာတွေဖြစ်လာမှာဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ့်နှံမှုတွေ အပေါ်ထိခိုက်နိုင်သလို ကုန်စည်စီးဆင်းမှုကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံက ကုန်သွယ်ရေးတိုးတက်ဖို့နဲ့ အလုပ်အကိုင် အသစ်များ ဖေါ်ထုတ်ရေးကိုပါ ထိခိုက်နိုင်တယ်လို့ IMF က ပြောပါတယ်။

ဒီပြဿနာကို အမေရိကန်နဲ့ကုန်သွယ်ဘက်နိုင်ငံများ စုပေါင်းဖြေရှင်းဖို့နဲ့ ကုန်စည်ကူးသန်းမှုမှာ အဟန့်အတားဖြစ်နေတာတွေ ရင်းနှီးမြှုပ်နှံမှုမှာ သဘောထားခြင်းမတိုက်ဆိုင်တာတွေကို အခွန်တိုးကောက်တဲ့နည်းနဲ့ မဖြေရှင်းကြဖို့ IMF က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အမေရိကန်ကို ကိုယ်ကျိုးစီးပွါးကာကွယ်ရေး မလုပ်ဖို့ IMF တိုက်တွန်း အမေရိကန်ကို ကိုယ်ကျိုးစီးပွါးကာကွယ်ရေး မလုပ်ဖို့ IMF တိုက်တွန်း Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.