ယူကရိန်း ရန်လုပ်မှာစိုးလို့ ရုရှားရေတပ် တပ်လှန့်နှိုးထား

Photo: AFP
ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကို ယူကရိန်းနိုင်ငံဘက်ကနေ အနှောင့်အယှက်ပေးမှာ စိုးရိမ်တာကြောင့် ပင်လယ်နက်ဘက်မှာတာဝန်ယူတဲ့ ရုရှားရေတပ်ကို တပ်လှန့်ထားတယ်လို့ ရုရှားစစ်တပ်သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းတရပ်မှာ မနေ့က ဖေါ်ပြပါတယ်။

ရုရှားစစ်တပ်အရာရှိတွေ အဆိုအရ မကြာသေးခင်ကပဲပြိုင်ပွဲအချိန်အတွင်း အနှောင့်အယှက်ပြုဖို့ ရည်ရွယ်ချက်နဲ့ ယူကရိန်းမှာ စစ်ဘက်ဆိုင်ရာ စုစည်းမှုတွေရှိနေတယ်လို့ ယုံကြည်ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအချက်ကိုတော့ အတည်ပြုလို့မရခဲ့ဘူးလို့ သတင်းမှာဖေါ်ပြထားပါတယ်။

သတင်းရင်းမြစ်သုံးခုအဆိုအရ ပင်လယ်နက်ဒေသ Crimea ရေလက်ကြားမှာ ရေတပ်ကို အမြင့်ဆုံး တပ်လှန့်ထားတာဖြစ်ပြီး သတင်းရင်းမြစ်၂ ခုကတော့ ဒီဆောင်ရွက်ချက်ဟာ ကျင်းပမယ့် ဘောလုံပွဲနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ပြောပါတယ်။ ခုလိုတပ်လှန့်ထားတဲ့ အချိန်ကာလဟာ ဘောလုံးပွဲအပြီး ဇူလိုင်လကုန်အထိဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ယူကရိန်း ရန်လုပ်မှာစိုးလို့ ရုရှားရေတပ် တပ်လှန့်နှိုးထား ယူကရိန်း ရန်လုပ်မှာစိုးလို့ ရုရှားရေတပ် တပ်လှန့်နှိုးထား Reviewed by THITHTOOLWIN on 16:56 Rating: 5
Powered by Blogger.