မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းတုန်းချောင်း ရေကြီး


မင်းတုန်း ဇွန် ၁၁

သရက်ခရိုင်မင်းတုန်းမြို့နယ်တွင်မိုးများအဆက် မပြတ်ရွာသွန်းမှုကြောင့် ပုသိမ်-မုံရွာလမ်းဘူးတောင်း ကျေးရွာနှင့်မင်းတုန်းမြို့ဆက်သွယ်ရေးကား လမ်းပေါ်သို့ မင်းတုန်းချောင်းရေများ ဘူးတောင်းရွာအနီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၀၉း၃၀ ခန့်တွင် ၂ ပေကျော်ခန့်ကျော်လာခဲ့ပြီး မင်းတုန်းချောင်း တံတားတွင်လည်း တံတားအားချောင်းရေထိရန် ၆ ပေခန့်သာ လိုတော့ကြောင်းသိရှိရပါသည်။

ယခုကဲ့သို့ချောင်းရေကြီးခြင်းကြောင့်ဘူးတောင်း မင်းတုန်းဆက်သွယ်ရေး လမ်းပြတ်တောက်သွားသော်လည်း ၄ မိုင် ၆ ဖာလုံလမ်းမှမော်တော် ယာဉ်များသွားလာ၍ ရသည့်အတွက်လမ်းပန်းဆက် သွယ်ရေးပြတ် တောက်မှုမရှိကြောင်းသတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းတုန်းချောင်း ရေကြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းတုန်းချောင်း ရေကြီး Reviewed by THITHTOOLWIN on 11:54 Rating: 5
Powered by Blogger.