ထိုင်း နိုင်ငံမှာ သေဒဏ်ကျ အကျဉ်းသား ကွပ်မျက်မှု ပြန်လည် ကျင့်သုံး


ထိုင်း နိုင်ငံမှာ ကိုးနှစ်ကျော် ရပ်ဆိုင်း ထားခဲ့တဲ့ သေဒဏ်ကျ အကျဉ်းသား ကွပ်မျက်မှု ကို ဒီကနေ့ လုပ်ဆောင် ခဲ့ပါတယ်။

သေဒဏ် ချမှတ် ခံထား ရတဲ့ ၂၆ နှစ် အရွယ် သီရာဆက် လုန်ဂျီ ဆိုသူ ကို ဆေးထိုး သတ်ပြီး သေဒဏ် စီရင် ခဲ့တာ ဖြစ်ပါတယ်။

ကိုးနှစ်ကျော်ကြာ သေဒဏ် ကွပ်မျက် မှု ကို ရပ်နား ထားခဲ့ပြီးမှ ဒီကနေ့ ပြန်လည် စီရင် ခဲ့တဲ့ အပေါ်မှာ အံ့ဩတုန်လှုပ်မိကြောင်း နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး က ပြောပါတယ်။

သေဒဏ် ကျခံ နေရသူတွေကို ကွပ်မျက်မှု နည်းပါးအောင် ကမ္ဘာမှာ ဆောင်ရွက်နေချိန်မှာ ထိုင်း နိုင်ငံ အနေနဲ့ ဒီလို ပြန်လည် ကျင့်သုံး ခဲ့တဲ့ အပေါ်မှာ လည်း အင်မတန်မှ ဝမ်းနည်း ရတယ်လို့ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကပြောဆို ခဲ့ပါတယ်။

၂ဝဝ၃ ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ သေဒဏ်ပေးတာကို သေနတ်နဲ့ပစ်သတ်တာကနေ ဆေးထိုးတဲ့ နည်းနဲ့ အစားထိုးခဲ့တာ ဖြစ်ပြီး လုန်ဂျီ ဟာ ၇ ယောက်မြောက် ဆေးထိုးကွပ်မျက်ခံရသူ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/BBCnewsBurmese/
ထိုင်း နိုင်ငံမှာ သေဒဏ်ကျ အကျဉ်းသား ကွပ်မျက်မှု ပြန်လည် ကျင့်သုံး ထိုင်း နိုင်ငံမှာ သေဒဏ်ကျ အကျဉ်းသား ကွပ်မျက်မှု ပြန်လည် ကျင့်သုံး Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.