ထောက်ကြန့်မြို့ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများ ခိုးမှုနှင့်လုယက်မှု (၁၆)မှု ကျူးလွန်ခဲ့

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှ ခိုးမှုနှင့်လုယက်မှု (၁၆)မှုဖော်ထုတ်နိုင်
ရန်ကုန်၊ ဇွန် ၂၂

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ၊ နှင်းဆီလမ်းပေါ်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူ အမျိုးသားအားသတ်၍ ဆိုင်ကယ်အား ယူဆောင်သွားသူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေသူများဖြစ်သည့် ဖိုးလပြည့်(ခ)လပြည့်(၂၇)နှစ်၊ ရဲနိုင်လင်း(ခ)ကရင်(၂၄)နှစ်နှင့်
နိုင်လင်းထွန်း(၂၁)နှစ်တို့အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ဖမ်းဆီးရမိသည့် ဖိုးလပြည့်(ခ)လပြည့် ပါ(၃)ဦးအား မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက စစ်ဆေးရာ ၎င်းတို့သည် ချစ်မင်းအောင်၊ မင်းမင်း၊ အကြီးကောင်၊ ညီညီ၊ ကုလား၊ ဝေထွန်းတို့ နှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ၊ မတ်၊ မေနှင့် ဇွန်လ၌ မြောက်ဥက္ကလာပမြို့နယ်အတွင်း မယ်လမုဘုရား ရှေ့လမ်းပေါ် လမ်းလျှောက်လာသည့် အမျိုးသမီးနှစ်ဦးထံမှ Oppo လက်ကိုင်ဖုန်း(၁)လုံးနှင့် Redmi Note3 လက်ကိုင်ဖုန်း(၁)လုံး၊ ကျောက်ရေတွင်းရပ်ကွက် ဘူတာ ပတ်လမ်းပေါ် လမ်းလျှောက်လာသည့် အမျိုးသမီး ထံမှ Samsung လက်ကိုင်ဖုန်း(၁)လုံး၊ အဆိုပါရပ်ကွက် ရထားဘူတာအနီး လမ်းလျှောက်လာသည့် အမျိုးသမီး ထံမှ Vivo လက်ကိုင်ဖုန်း(၁)လုံး၊ အမှတ်(၈)ရပ်ကွက်၊ ဓမ္မသုခလမ်းပေါ် လမ်းလျှောက်လာသည့် အမျိုးသား ထံမှ Mi လက်ကိုင်ဖုန်း(၁)လုံး၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားကြီးလမ်းပေါ် လမ်းလျှောက်လာ
သည့် အမျိုးသမီး ထံမှ Oppo လက်ကိုင်ဖုန်း(၁)လုံး၊ မြောက်ဥက္ကလာပ အ၀ိုင်းအနီး လမ်းလျှောက်လာသည့် အမျိုးသား ထံမှ Mi လက်ကိုင်ဖုန်း(၁)လုံး၊ သုနန္ဒာလမ်းပေါ် လမ်းလျှောက်လာသည့် အမျိုးသားထံမှ Oppo လက်ကိုင်ဖုန်း(၁)လုံး တို့အား လုယက်ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

အလားတူ ၎င်းတို့သည် မင်္ဂလာဒုံမြို့နယ်အတွင်း ကာယရပ်ကွက်၊(၆)လမ်းတွင် ဆိုင်ကယ်မောင်းသူထံမှ JLM -110 ဆိုင်ကယ်(၁)စီး၊ (၂/ခ)ရပ်ကွက်၊ ဘူတာလမ်းပေါ် လမ်းလျှောက်လာသည့် အမျိုးသမီးထံမှ Oppo လက်ကိုင်ဖုန်း(၁)လုံး၊ ဇေကမ္ဘာဝင်း အထည်ချုပ်စက်ရုံအနီး ဆိုင်ကယ်မောင်းသူထံမှ Canda ဆိုင်ကယ်(၁)စီး၊ ထောက်ကြန့်၊ ပုလဲအိမ်ရာဝင်းအတွင်း ဆိုင်ကယ်မောင်းသူထံမှ JLM -110 ဆိုင်ကယ်(၁)စီး၊ ထောက်ကြန့်၊ ကုန်းတလပေါင်ကျေးရွာအတွင်းမှ Feiling CZI 125 ဆိုင်ကယ်(၁)စီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ ရဲဘော်ဈေးအနီး JLM -110 ဆိုင်ကယ်(၁)စီး၊ လှည်းကူးမြို့နယ်၊ ရွှေဒါးငြိမ်းဘုရားအနီး Feiling 110 ဆိုင်ကယ် (၁)စီးတို့အား လုယက်ခိုးယူရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းများအားပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ဖိုးလပြည့်(ခ)လပြည့်၊ ရဲနိုင်လင်း(ခ)ကရင် နှင့် နိုင်လင်းထွန်းတို့  (၃)ဦးအား မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ မြောက်ဥက္ကလာပမြို့မ ရဲစခန်းတို့တွင် အမှုများအသီးသီးရေးဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ချစ်မင်းအောင်၊ မင်းမင်း၊ အကြီးကောင်၊ ညီညီ၊ ကုလား၊ ဝေထွန်းတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကာ သက်သေခံပစ္စည်းများ နှင့်စပ်လျဉ်း၍ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ထောက်ကြန့်မြို့ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများ ခိုးမှုနှင့်လုယက်မှု (၁၆)မှု ကျူးလွန်ခဲ့ ထောက်ကြန့်မြို့ လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများ ခိုးမှုနှင့်လုယက်မှု (၁၆)မှု ကျူးလွန်ခဲ့ Reviewed by THITHTOOLWIN on 12:24 Rating: 5
Powered by Blogger.