FDA ဝန်ထမ်းအား လူသတ်မုဒိမ်းကျူးလွန်သူကို သေဒဏ်ချမှတ်


ဇွန် ၂၂

FDA ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် အဌားယာဉ်မောင်း မျိုးဇော်ဦး(ခ)ဆီဒိုးနားကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇွန်လ ၂၂ ရက်(ယနေ့)တွင် အပြီးသတ်အမိန့်ချမှတ်ရာတွင် သေဒဏ်ချမှတ်ခဲ့သည်။

မျိုးဇော်ဦးအား မုဒိန်းမှုကျူးလွန်စဉ် လူသတ်မှု ပုဒ်မ- ၃၀၂(၁)(ဂ) ဖြင့် ခရိုင်တရားရုံးက ယနေ့တွင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ-၃၀၂(၁)(ဂ)ဖြင့် ခရိုင်တရားရုံးက စွဲချက်တင်ထားခြင်းအပေါ် မုဒိန်းမှုနှင့် သက်ဆိုင်သည့် ပုဒ်မ-၃၇၇ ၊ ၃၇၆ တို့အား ထပ်တိုးစွဲချက်တင်ရန် FDA ဝန်ထမ်းအမျိုးသမီး၏ ဥပဒေအကျိုးဆောင်များက ယခင်ရုံးချိန်းတွင် လျှောက်ထားခဲ့မှုအပေါ် ခရိုင်တရားရုံးက ပယ်ချခဲ့သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂(၁)(ဂ) သည် အနိမ့်ဆုံးပြစ်ဒဏ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်နှင့် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ချမှတ်နိုင်သည်။

ကျော်သူမြင့်
The Fifth Wave News
https://www.facebook.com/fifthwavenews/
FDA ဝန်ထမ်းအား လူသတ်မုဒိမ်းကျူးလွန်သူကို သေဒဏ်ချမှတ် FDA ဝန်ထမ်းအား လူသတ်မုဒိမ်းကျူးလွန်သူကို သေဒဏ်ချမှတ် Reviewed by THITHTOOLWIN on 12:32 Rating: 5
Powered by Blogger.