ရသေ့တောင်မြို့နယ် ဆင်ပိုက် ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီ ၁၀၀ ကျော်ဖမ်းမိ


နိရဉ္စရာ၊ ဇွန် ၁၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တောင်ပိုင်း မယူကမ်း ဆင်ပိုက်ကျေးရွာနှင့် အောင်ဗလ ကျေးရွာကြား ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီ ၁၀၁ ဦးကို ဖမ်းမိကြောင်း သတင်းရရှိသည်။

ဖမ်းမိသည့်အထဲတွင် ကျား ၃၄ ဦး၊ မ ၅၆ ဦးနှင့် ကလေး ၁၁ ဦးဖြစ်ကြောင်း အောင်ဗလကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ သူတို့ကို ဒီကနေ့ နံနက်က ပင်လယ်ကမ်းခြေမှာ တွေ့တာပါ။ စက်လှေနဲ့ လာတယ်လို့ ပြောပါတယ်။ ပင်လယ်ထဲမှာ နှစ်ရက်လောက် နေခဲ့ရတယ်လို့ ပြောပါတယ်။ စက်လှေကတော့ မတွေ့တော့ပါဘူး။ စက်လှေက စက်ပျက်တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ ဘူးသီးတောင်က ဆိုတဲ့ အမျိုးသမီးငယ် တစ်ဦးဘဲ ရခိုင်စကားပြောတတ်ပါတယ်။ ကျန်တဲ့လူ တစ်ယောက်မှ မပြောတတ်ပါဘူး” ဟု ဦးမောင်သန်းမြက ပြောကြားသည်။

သူတို့အား စစ်ဆေးရာတွင် အမျိုးမျိုး စကားကွဲနေကြောင်း၊ တစ်ချို့က ဘင်္ဂလာဒေ့ရှ်က လာသည်ဟု ပြောကြောင်း၊ တစ်ချို့ မောင်တောကညင်တန်းက လာသည်ဟု ပြောကြောင်း၊ မလေးရှားသို့သွားသည်ဟု ပြောကြောင်း၊ စကားအမျိုးမျိုးပြောသည့် အတွက် သူတို့စကားကို အတည်ပြု၍ မရသေးကြောင်း သူက ဆက်လက် ပြောကြားသည်။

“ အခုတော့ ဌာနဆိုင်ရာ နယ်ခြားစောင့်ရဲ၊ စစ်တပ်၊ ရဲ အကုန်လုံးရောက်ပြီး ဒီဘင်္ဂလီတွေကို စစ်ဆေးနေပါတယ်။ အခု ပင်လယ်နားက ကုန်းပေါ်ခေါ်ယူပြီး စစ်ဆေးနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
ရသေ့တောင်မြို့နယ် ဆင်ပိုက် ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီ ၁၀၀ ကျော်ဖမ်းမိ ရသေ့တောင်မြို့နယ် ဆင်ပိုက် ပင်လယ်ကမ်းခြေတွင် ဘင်္ဂလီ ၁၀၀ ကျော်ဖမ်းမိ Reviewed by THITHTOOLWIN on 11:44 Rating: 5
Powered by Blogger.