မိတ္ထီလာမြို့ စက်မှုဇုန်ရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွား


မိတ္ထီလာ ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် စက်မှုဇုန်ရပ်ကွက်တွင် လျှပ်စစ်ရေနွေးအိုးအား မီးပလပ်မဖြုတ်မိသဖြင့် အပူရှိန်လွန်ကဲပြီး မီးလောင်ကျွမ်းမှု ၂၀၁၈ ဇွန် ၂၄ ရက် နံနက် ၂နာရီ မိနစ် ၅၀ တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ကန်သာကျေးရွာအုပ်စု စက်မှုဇုန်ရပ် ၄လမ်း နှင့် ၅လမ်းကြားရှိ ဦးမိုးကျော်ပိုင်ဆိုင်သော ယက္ကန်းရုံအတွင်း အလုပ်သမားတန်းလျားတွင် လျှပ်စစ်ရေနွေးအိုးကြိုရာမှ မီးပလပ်မဖြုတ်ဘဲ အချိန်ကြာမြင့်သွား၍ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

မီးလောင်ကျွမ်းရာသို့ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းပါ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး တို့မှ မီးသတ်ယာဉ် ၆ စီး ရေသယ်ယာဉ် ၅ စီး မိတ္ထီလာမြို့နယ် မြို့နယ်မှူး ရဲမှူး မိုးညွှန့်ထွန်း ပါဝင်သော ရဲတပ်ဖွဲ့ဝင် ၁၈ ဦး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးသွားခဲ့ပြီး ၃ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ၂၀ ပေပတ်လည် သွပ်မိုးထရံကာ မြေစိုက်တဲ နှစ်လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးအားပေါ့ဆစွာ သုံးဆွဲသူ မိတ္ထီလာမြို့ စက်မှုဇုန်ရပ်နေ ယက္ကန်းရုံ မန်နေဂျာ ဦးအောင်ဇော်လင်း ၄၁ နှစ်အား မိတ္ထီလာမြို့ အမှတ် ၃ နယ်မြေရဲစခန်းမှ (ပ)၉၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း စုံစမ်းသိရှိရသည်။

ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိတ္ထီလာမြို့ စက်မှုဇုန်ရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွား မိတ္ထီလာမြို့ စက်မှုဇုန်ရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွား Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.