လှိုင်သာယာတွင် မီးလောင်မှုဖြစ်ပွား


လှိုင်သာယာ ဇွန် ၂၁

လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မဟော်ဂနီလမ်းတွင် ဇွန် ၂၁ ရက် ည ၁၂:၅၅အချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်းသိရသည်။ မီးလောင်ရာသို့ နယ်မြေ မီးသတ်ဦးစီးဌာနမှ Level 1အုပ်စုယာဉ်များ ထွက်ခွာငြိမ်းသတ်ရာ ည ၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ပါသည်။

 ကျူးကျော်တဲအိမ် (၁၃)လုံးခန့် မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၅)စု ခန့် ရှိကြောင်း၊ မီးလောင်ခြင်းအကြောင်းအရင်းကို စစ်ဆေးလျက် ရှိကြောင်းနှင့် မီးလောင်မှုကြောင့် ကျူးကျော်အိမ်ထောင်စုများကို သက်ဆိုင်ရာမှ ယာယီစခန်းဖွင့်လှစ် ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လှိုင်သာယာတွင် မီးလောင်မှုဖြစ်ပွား လှိုင်သာယာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.