ကွမ်းယာဝယ်ရာမှ မြန်မာအချင်းချင်းသတ်မှု ထိုင်းမှာဖြစ်

ကွမ်းယာရာနေသူတဦးကို တွေ့ရစဉ်/ Photo: RFA
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် ဘန်မယ်ကဆရွာမှာ မနေ့ညက ကွမ်းယာဝယ်တာနဲ့ ပတ်သက်လို့ အချေအတင်ဖြစ် ပြီး ခိုက်ရန်ဖြစ်ပွားတဲ့အတွက် မြန်မာရွေ့ပြောင်းအလုပ်သမားတဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ ထုတ် ထိုင်း Nation သတင်းစာက ရေးပါတယ်။

မြန်မာတွေ အလုပ်လုပ်နေတဲ့ လယ်တောတခုမှာ မြန်မာအချင်းချင်း ကွမ်းယာဝယ်ရာက အချင်းများ ရန်ဖြစ်ကြ တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် အောင်ရမော်အမည်ရှိတဲ့ အလုပ်သမားရဲ့ အလောင်းကို ဒီနေ့မနက်မှာ အာဏာပိုင်တွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တာ့ခ်ခရိုင်ဟာ မြန်မာနိုင်ငံရဲ့ မြဝတီ မဲဆောက်ဒေသနဲ့ တဆက်ထဲတည်ရှိတဲ့ ထိုင်းအနောက် မြောက်ပိုင်းခရိုင်တခုဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကွမ်းယာဝယ်ရာမှ မြန်မာအချင်းချင်းသတ်မှု ထိုင်းမှာဖြစ် ကွမ်းယာဝယ်ရာမှ မြန်မာအချင်းချင်းသတ်မှု ထိုင်းမှာဖြစ် Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.