ကမ္ဘောဒီးယားမှာ ကိုယ်ဝန်အငှားဆောင်သူတွေကို ဖမ်းဆီး

Photo: AFP
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့က တရားမဝင် ကိုယ်ဝန်အငှားဆောင်ပေးတဲ့ လုပ်ငန်းတစ်ခုကို မနေ့ညက အာဏာပိုင်တွေ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှာ၊ အငှားကိုယ်ဝန်ဆောင်ပေးသူ အမျိုးသမီး ၃ဝ ကျော် တွေ့ရှိခဲ့ရပြီး၊ တရုတ် တစ်ဦး အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ဟာ တရုတ်လင်မယားတွေအတွက် အငှားကိုယ်ဝန်ဆောင်ပေးခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ စုစုပေါင်း ၃၃ ဦး တွေ့ရှိခဲ့ရာမှာ၊ တချို့က ကလေးမွေးဖွားပေးပြီးဖြစ်သလို၊ ကိုယ်ဝန်ဆောင်ထားဆဲ အမျိုးသမီးတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ဖနွမ်းပင် လူမှောင်ခိုတိုက်ဖျက်ရေးဌာန အကြီးအကဲက ပြောပါတယ်။

တရုတ်ဈေးကွက်အတွက် အငှားကိုယ်ဝန်ဆောင်ပေးခအဖြစ် တစ်ဦးကို အမေရိကန်ဒေါ်လာ တသောင်းအထိပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

စာရင်းဇယားတွေအရ တရုတ်ပြည်မှာ ပြီးခဲ့တဲ့ ၂ နှစ်က တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို လျှော့ပေါ့လိုက်ပြီးတဲ့နောက် ဒုတိယကလေး ရခွင့်ရှိသူ အမျိုးသမီးအရေအတွက် သန်း ၉ဝ လောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တရုတ်ပြည်မှာ အငှားကိုယ်ဝန်ဆောင်တာဟာ တရားမဝင်တဲ့အတွက် ဆင်းရဲတဲ့ အရှေ့တောင် အာရှနိုင်ငံတွေ၊ အထူးသဖြင့် ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ အငှားကိုယ်ဝန် မှောင်ခိုဈေးကွက် တွင်ကျယ်လာခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကမ္ဘောဒီးယားမှာ ကိုယ်ဝန်အငှားဆောင်သူတွေကို ဖမ်းဆီး ကမ္ဘောဒီးယားမှာ ကိုယ်ဝန်အငှားဆောင်သူတွေကို ဖမ်းဆီး Reviewed by THITHTOOLWIN on 10:06 Rating: 5
Powered by Blogger.