ဗီယက်နမ်မှာ အွန်လိုင်းကနေ ဘောလုံးပွဲ လောင်းကစားတဲ့ဂိုဏ်းကို ဖမ်းဆီး


ကမ္ဘာ့ဖလားဘောလုံးပွဲလို ပွဲကြီးကျင်းပနေချိန်အတွင်း ဗီယက်နမ်နိုင်ငံမှာ Online ကနေ ဘောလုံးပွဲ လောင်းကစားနေတဲ့ ဂိုဏ်းတစ်ခုကို အာဏာပိုင်တွေက ဖေါ်ထုတ်နိုင်ခဲ့ပြီး လူလေးဦးကို ဟိုချီမင်းမြို့မှာ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီဂိုဏ်းမှာ လည်ပတ်နေတဲ့ ငွေပမာဏ အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်တယ်လို့ ဆိုပါတယ်။

အခုဖမ်းဆီးလိုက်တဲ့ဂိုဏ်းဟာ ၂ဝ၁၇ ခုနှစ်ကစပြီး တစ်နိုင်ငံလုံးက လောင်းကစားသူတွေရဲ့ ဒေါ်လာ ၂၆ သန်းကျော်နဲ့ လည်ပတ်နေတာဖြစ်တယ်လို့ အစိုးရရုပ်မြင်သံကြားသတင်းမှာ ဖေါ်ပြပါတယ်။ အဲဒီဂိုဏ်းဟာ ဖိလစ်ပိုင်နိုင်ငံက ဝဘ်က်ဆိုက်တစ်ခုနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ လောင်းကစားကို တရားဝင်ခွင့်ပြုမထားပေမယ့် ဘောလုံးပွဲလောင်းကစားဟာ ခေတ်အစားဆုံး ဖြစ်နေပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese
ဗီယက်နမ်မှာ အွန်လိုင်းကနေ ဘောလုံးပွဲ လောင်းကစားတဲ့ဂိုဏ်းကို ဖမ်းဆီး ဗီယက်နမ်မှာ အွန်လိုင်းကနေ ဘောလုံးပွဲ လောင်းကစားတဲ့ဂိုဏ်းကို ဖမ်းဆီး Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.