မအီ သုံးလောင်ပြိုင်လူသတ်မှု သံသယရှိသူကို ရဲတပ်ဖွဲ့မှ မဖမ်းဆီးနိုင်သေး


ဇွန်လ (၂၀) ရက်၊ ၂၀၁၈ ခုနှစ်။  သံတွဲခရိုင် မအီမြို့တွင် ဇွန်လ ၄ ရက်နေ့ကဖြစ်ပွားခဲ့သော ၃ လောင်းပြိုင်လူသတ်မှုဖြင့် သံသယရှိ၍ တရားခံအဖြစ်သတ်မှတ်ထားသည့် ဦးခင်မောင်အေးအား ရဲတပ်ဖွဲ့မှ ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

သံသယတရားခံ ဦးခင်မောင်အေးသည် အခင်းဖြစ်ပွားသည့်နေ့မှစ၍ ထွက်ပြေးတိမ်းရှောင်နေပြီး နယ်မြေကျွမ်းကျင်သည်ဟုဆိုကာ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သံတွဲခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုခရိုင်မှူး တင်မောင်စိုးက ပြောသည်။

'' လူသတ်မှုကျူးလွန်သူက နယ်မြေနဲ့ တောကျွမ်းသူတစ်ယောက်ဖြစ်တာကြောင့် ဖမ်းရခက်နေတယ်။ '' ဟု ပြောသည်။

ဦးခင်မောင်အေးကို အမြန်ဆုံးဖမ်းဆီးစစ်ဆေးနိုင်ရေအတွက် သံတွဲခရိုင်ရဲတပ်ဖွဲ့မှ အဖွဲ့နှစ်ခုခွဲကာ ရှာဖွေနေကြောင်း မအီမြို့မရဲစခန်းမှူး ရဲအုပ်ကျော်ခိုင်က ပြောသည်။

သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူဟု သံသယရှိသူမှာ ကိုခင်မောင်အေး (အသက် ၂၆ နှစ်) ဖြစ်ပြီး ၄င်း၏ ဇနီးနှင့် ဇနီး၏ဖခင်၊ မိခင်တို့ကို တပြိုင်တည်းသတ်ခဲ့သည်ဟု ရဲစခန်းမှတ်တမ်းများအရ သိရသည်။

ဦးခင်မောင်အေးသည် ဇနီးသည်ကို ယောက္ခမနေအိမ်မှ ဆွဲခေါ်ယူရာတွင် ယောက္ခမ ဦးရွှေအေးမောင်နှင့် ဒေါ်မခင်သန်းတို့က ၀င်ရောက်ဟန့်တားသဖြင့် ယောက္ခမလင်မယားကိုသတ်ဖြတ်ပြီး ဇနီးကိုပါ ထပ်မံသတ်ဖြတ်ခဲ့ကြောင်း မအီမြို့မရဲစခန်းက သိရသည်။

သံသယတရားခံ ဦးခင်မောင်အေးကို လူသတ်မှုဖြင့် ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားပြီး တွေ့ရှိလျှင် နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးတိုင်ကြားနိုင်အတွက် ၄င်း၏ ဓာတ်ပုံနှင့် သံတွဲခရိုင်ရဲတပ်ဖွဲ့ ဝရမ်းထုတ်ထားကြောင်း သိရသည်။

မျိုးမြင့်ဇော်
Development Media Group
http://www.dmediag.com/
မအီ သုံးလောင်ပြိုင်လူသတ်မှု သံသယရှိသူကို ရဲတပ်ဖွဲ့မှ မဖမ်းဆီးနိုင်သေး မအီ သုံးလောင်ပြိုင်လူသတ်မှု သံသယရှိသူကို ရဲတပ်ဖွဲ့မှ မဖမ်းဆီးနိုင်သေး Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.