အိန္ဒိယနိုင်ငံမှာ ATM စက်ထဲက ပိုက်ဆံတွေကို ကြွက်တွေဝင်ကိုက်


အိန္ဒိယနိုင်ငံ အာသမ်ပြည်နယ်က ATM စက်ထဲက ပိုက်ဆံတွေကို ကြွက်တွေ ၀င်ကိုက်သွားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ နည်းပညာရှင်တွေက ATM စက်ကို ပြင်ဆင်ဖို့ ဖွင့်လိုက်ချိန်မှာ ဆုတ်ပြဲကြေမွနေတဲ့ ပိုက်ဆံတွေကို တွေ့မြင်ခဲ့ကြတာပါ။ အမေရိကန်ဒေါ်လာ (၂)သောင်းနီးပါး ပိုက်ဆံတွေ ဆုတ်ပြဲကြေမွနေတာဖြစ်ပြီး ဒါဟာ ကြွက်တွေကိုက် ထားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 ကြွက်တွေဟာ ၀ါယာကြိုးအပေါက်ကတဆင့် စက်အတွင်းဝင်ရောက်ခဲ့ဖွယ်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီပိုက်ဆံအပုံထဲမှာ ကြွက်သေတစ်ကောင်ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီဓာတ်ပုံတွေဟာ လူမှုကွန်ရက် တွစ်တာပေါ်မှာ ပျံ့နှံ့သွားပြီး မျှဝေသူတွေ များပြားခဲ့တယ်လို့ ဟင်ဒူစတန် တိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
အိန္ဒိယနိုင်ငံမှာ ATM စက်ထဲက ပိုက်ဆံတွေကို ကြွက်တွေဝင်ကိုက် အိန္ဒိယနိုင်ငံမှာ ATM စက်ထဲက ပိုက်ဆံတွေကို ကြွက်တွေဝင်ကိုက် Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.