၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်တော့မည့် ရုရားအသင်းနဲ့ ဆော်ဒီအာရေဗျ အဖွင့်ပွဲစဉ်


၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲကြီး ဇွန်လ ၁၄ မြန်မာစံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်မှာ မော်စကိုမြို့ရှိ Luzhniki ကွင်းကြီး၌ အဖွင့်ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင် ရုရားအသင်းနဲ့ ဆော်ဒီအာရေဗျ အသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြတော့မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပွဲကြီးကို ဇွန် ၁၄ ရက်နေ့မှာ ပွဲစဉ်တစ်ပွဲသာ ကစားမှာဖြစ်ပြီး ဇွန် ၁၅ ရက်နေ့မှာတော့ ပွဲစဉ်သုံးပွဲကစားမှာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အကြိမ် ၁၀ ကြိမ်ရှိပြီး အမြင့်ဆုံးအောင်မြင်မှု စတုတ္ထအဆင့် သာရရှိထားတဲ့ အိမ်ရှင်ရုရှားဟာ သြစတေးလျ ၊ တူရကီအသင်းတို့နဲ့ခြေစမ်းပွဲ ကစားထားပြီးဖြစ်ပါသည်။ သြစတေးလျအသင်းကို တစ်ဂိုးဂိုးမရှိ၊ တူရကီအသင်းကို တစ်ဂိုးတစ်ဂိုးဆီ သရေကစားထားတာကိုတွေ့ရသည်။

ကမ္ဘာ့ဖလားလေးကြိမ် ဝင်ရောက်ယှဉ်ပြိုင်ထားပြီး အမြင့်မားဆုံးအောင်မြင်မှုအနေဖြင့် ၁၆ သင်း ရှုံးထွက် အဆင့်တက်ရောက်နိုင်ခဲ့တဲ့ အာရှကိုယ်စားပြု အသင်းတစ်သင်းဖြစ်သည့် ဆော်ဒီအာရေဗျအသင်းကတော့ နောက်ဆုံး ခြေစမ်းပွဲ ၅ ပွဲအထိ ယှဉ်ပြိုင်ကစားထားပြီး ဂျာမနီ၊ ပီရှုး၊ အီတလီအသင်းတို့ကို ရှုံးနိမ့်ထားကာ ဂရိနှင့် အယ်ဂျီးနီးယားကို အနိုင်ရရှိထားတာကိုတွေ့ရသည်။

အုပ်စု(A)မှာ အိမ်ရှင်ရုရှားနှင့် ဥရုဂွေး အသင်းတို့ နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ ရေပန်းအစားဆုံး ဖြစ်ပေမယ့်လည်း အီဂျစ်အသင်းက ၎င်းတို့နှစ်သင်းထဲမှာ တစ်သင်းကို အုပ်စုအဆင့်ကနေ ဖြုတ်ချနိုင်စွမ်းရှိတဲ့ အရည်အသွေးတို့ကို ပိုင်ဆိုင်ထားတာကို တွေ့ရသည်။ ရုရားအသင်းနဲ့ ဆော်ဒီအာရေဗျ တို့ပွဲစဉ်မှာ ဘယ်အသင်းကဘယ်လိုပုံစံကောင်းနဲ့အနိုင်ယူသွားမလဲကို စောင့်ကြည့်ရမည့်အပြင် ဇွန်လ ၁၅ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့မည့် အီဂျစ်နှင့် ဥရုဂွေးအသင်းတို့၏ ပွဲစဉ်မှာ ဘယ်အသင်းက ရလဒ်ကောင်းတွေရဖို့ ဘယ်လို ပုံစံကောင်းတွေနဲ့ ယှဉ်ပြိုင်သွားမလဲ ဆိုတာကိုတော့ ဘောလုံးချစ် ပရိသတ်တို့ စိတ်ဝင်တစား စောင့်ကြည့်သွားရအုံး မည်ဖြစ်သည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်တော့မည့် ရုရားအသင်းနဲ့ ဆော်ဒီအာရေဗျ အဖွင့်ပွဲစဉ် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်တော့မည့် ရုရားအသင်းနဲ့ ဆော်ဒီအာရေဗျ အဖွင့်ပွဲစဉ် Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.