စက်တပ်သမ္ဗာန် နစ်မြုပ်၍ လူ(၄)ဦးပျောက်ဆုံးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီ၊ ဆိပ်ကမ်းမြို့နယ်တွင် စက်တပ်သမ္ဗာန် နစ်မြုပ်၍ လူ(၄)ဦးပျောက်ဆုံးလျက်ရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေလျက်ရှိ
ရန်ကုန်၊ ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့နယ်၊ စဥ့်အိုးတန်းသမ္ဗာန်ဆိပ်မှ ဒလမြို့နယ်၊ ကမာကသွယ်သမ္ဗာန်ဆိပ်သို့ မောင်းနှင်လာသော စက်တပ်သမ္ဗာန်လှေနစ်မြုပ်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၀ိုင်းဝန်းရှာဖွေခဲ့ရာ စက်လှေမောင်းသူ အပါဝင် ခရီးသည်(၁၁)ဦး အနက် (၈)ဦးအား ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ၁၃.၆.၂၀၁၈ ရက်နေ့ ည ၂၀၂၀ အချိန်တွင် ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက စဥ့်အိုးတန်းသမ္ဗာန်ဆိပ်မှ ဒလမြို့နယ်၊ ကမာကသွယ်သမ္ဗာန်ဆိပ်သို့ မောင်းနှင်လာသော စက်တပ် သမ္ဗာန်လှေမှာ ရန်ကုန်မြစ်အတွင်း နစ်မြုပ်ခဲ့ကြောင်း ကြားသိရသဖြင့် သွားရောက်ခဲ့ပါသည်။

အဆိုပါ စက်လှေအမှတ် (သမ/၃) အား ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်နေ ကျော်မင်း(၄၄)နှစ် မောင်းနှင်၍ ခရီးသည် (၁၁)ဦး တင်ဆောင်ကာ ရန်ကုန်မြစ်အတွင်း မောင်းနှင်စဉ် ဆူးလေဂျက်တီအမှတ်(၂/၃)အရှေ့ရေပြင်အရောက်တွင် စက်ပျက်၍ ရေစီးနှင့်အတူ မျှောပါခဲ့ပြီး ဂျက်တီတွင်
ဆိုက်ကပ်ထားသည့် CB တွဲအောက်သို့ ၀င်ရောက်ခဲ့ပြီး စက်လှေမှာ နစ်မြုပ်သွားခဲ့ပါသည်။

ယင်းသို့နစ်မြုပ်သွားခဲ့ကြောင်း သိရှိရသဖြင့် ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နစ်မြုပ်သွားသည့် စက်လှေပေါ်လိုက်ပါလာသော ခရီးသည်(၁၁)ဦးနှင့် စက်လှေ မောင်းတို့အား လိုက်လံရှာဖွေရာ စက်လှေမောင်းအပါဝင် ခရီးသည်(၇)ဦး စုစုပေါင်း (၈)ဦးအား ရှာဖွေတွေ့ရှိ ခဲ့ပြီး ခရီးသည်(၄)ဦးမှာ ပျောက်ဆုံးလျက်ရှိသဖြင့် ရန်ကုန်မြစ်အတွင်း ပူးပေါင်းအဖွဲ့မှ ဆက်လက်ရှာဖွေလျက် ရှိပါသည်။

အဆိုပါ စက်လှေကိုပေါ့လျော့စွာ မောင်းနှင်သူ ကျော်မင်းအား ဆိပ်ကမ်းမြို့မရဲစခန်း(ပ) ၁၃၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice
စက်တပ်သမ္ဗာန် နစ်မြုပ်၍ လူ(၄)ဦးပျောက်ဆုံးလျက်ရှိ စက်တပ်သမ္ဗာန် နစ်မြုပ်၍  လူ(၄)ဦးပျောက်ဆုံးလျက်ရှိ Reviewed by THITHTOOLWIN on 09:30 Rating: 5
Powered by Blogger.