ကြွက်များနေတဲ့ အဂတိလိုက်စားမှု နဲ့ ဥပဒေသစ်

 လေးကြိမ်မြောက် ပြင်ဆင် ဖြည့်စွက် အပြီး မှာတော့ အခုလို လွှတ်တော် ၂ ရပ် စလုံးက အတည်ပြု လိုက်တာ ဖြစ်ပါတယ်
ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက် လိုက်တဲ့ အဂတိ လိုက်စားမူ တိုက်ဖျက်ရေး ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် ကလည်း ပြင်ဆင်ချက် မရှိ အတည်ပြု လိုက်ပြီ ဖြစ်တဲ့ အတွက် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ပြီးတဲ့ နောက်မှာတော့ ဥပဒေ အတည် ဖြစ်လာ တော့မှာ ဖြစ်ပါတယ်။

အရင် လွှတ်တော်က ပြဌါန်း ခဲ့တဲ့ အဂတိ လိုက်စားမူ တိုက်ဖျက်ရေး ဥပဒေ ကိုလဲ ပြင်ဆင် ခဲ့တာ ဖြစ်ပြီး၊ လေးကြိမ်မြောက် ပြင်ဆင် ဖြည့်စွက် အပြီး မှာတော့ အခုလို အတည်ပြု လိုက်တာ လည်း ဖြစ်ပါတယ်။

အရင်တုန်းက တိုင်တဲ့သူ ရှိမှ လုပ်လို့ ရတာ ဖြစ်ပေမယ့် အခု ကျတော့ ကျော်ဇော် မှုနဲ့တင် စစ်ဆေး လို့ရပြီလို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နော်ဆူဇန်နာ လှလှစိုးက ပြောပါတယ်။

နောက်ပြီး လွှတ်တော် ကိုယ်စားလှယ် တဦးဦးက စစ်ဆေးပေးဖို့ တိုင်ကြား ရင်လည်း လွှတ်တော် ဥက္ကဌက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တာဝန် ပေးနိုင် တယ်လို့ ဆိုပါတယ်။

NLD အစိုး ရခေါင်းဆောင်တွေ အနေနဲ့ အစိုးရ တာဝန်ယူတဲ့ အချိန်က စလို့ အဂတိလိုက်စားမူ တိုက်ဖျက်ရေး ကို ဦးစားပေး လုပ်ဆောင်ဖို့ စီစဉ်ခဲ့ တာပါ။

အဲဒီ အတွက်လည်း အဂတိ လိုက်စားမူ တိုက်ဖျက်ရေး ကော်မရှင် ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး ယခင် အစိုးရ လက်ထက် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည် ကို ကော်မရှင်ဥက္ကဌ ခန့်ခဲ့ပါတယ်။
 ကော်မရှင် ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး ယခင် အစိုးရ လက်ထက် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည် ကို ကော်မရှင်ဥက္ကဌ ခန့်ခဲ့
တရား လွှတ်တော် ရှေ့နေ ဦးအောင်စိုး ဦးကတော့ ဥပဒေ အာဏာ စူးရှ ထက်မြက်ဖို့ လိုကြောင်းနဲ့ တချို့ လူတွေ လစာနဲနဲ နဲ့ ချမ်းသာကြွယ်ဝမှုက အင်မတန်များနေတာ ဟာ အဂတိ မလိုက်စားဘဲ နဲ့ မဖြစ်နိုင်ကြောင်း၊ ဒါကို လူတိုင်း သိနေ ပေမယ့် အရေးယူဖို့ ခက်နေတယ် လို့ ပြောပါတယ်။

လက်ရှိ မြန်မာ နိုင်ငံမှာ တရား ဥပဒေစိုးမိုးမူ အားနည်းတာ လုပ်ထုံး လုပ်နည်းတွေ မပြင်နိုင် သေးတာရယ် ဖမ်းရမယ့် ကြွက်က များပြီး ဖမ်းမယ့် ကြောင်က တစ်ကောင် တည်း ရှိနေ သလိုမျိုး ဖြစ်နေတာကြောင့် အဂတိ တိုက်ဖျက်ရေး အတွက် ဥပဒေတွေ ပြင်ဆင်ပြီး လူတွေ ပြောင်းလဲ ခန့်အပ်ခဲ့ ပေမဲ့ အဂတိ တိုက်ဖျက်ရေး ကို ထိန်းချုပ် နိုင်သေးမှာ မဟုတ်ဘူးလို လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နိုင်ငံရေး လေ့လာ သူတွေက သုံးသပ်နေကြပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ဥပဒေမှာ မှားယွင်းစွာ တိုင်ကြားခဲ့သူကို ထောင်ဒဏ် ၅ နှစ် အစား ၃ နှစ်လို့ ပြင်လိုက် ပေမယ့်၊ ဒီပြစ်ဒဏ်ဟာ များလွန်းတာကြောင့် တိုင်ကြားသူတွေ အတွက် အဟန့် အတား ဖြစ်နိုင်ပါတယ်။

မှားယွင်းစွာ တိုင် ကြားတဲ့ သူတွေကို အသေရေဖျက်မူ ဥပဒေနဲ့သာ အရေးယူ သင့်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် အချို ကပြောပါတယ်။

ဒါအပြင်လက်ရှိ အဂတိ လိုက်စားမူ တိုက်ဖျက်ရေး ကော်မရှင် ဝန်ထမ်းတွေ ထဲမှာကို ပဲ မည်သူ မည်ဝါက တိုင်ကြားသည် ဆိုတာကို တိုင်ကြား ခံရသူတွေထံ သတင်း ပေးတာတွေ ရှိတယ်လို့လည်း လွှတ်တော် ကိုယ်စား လှယ်အချို့ ကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကြွက်များနေတဲ့ အဂတိလိုက်စားမှု နဲ့ ဥပဒေသစ် ကြွက်များနေတဲ့ အဂတိလိုက်စားမှု နဲ့ ဥပဒေသစ် Reviewed by THITHTOOLWIN on 10:46 Rating: 5
Powered by Blogger.