ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့မှ ရွှေဆိုင်နှင့် အပေါင်ဆိုင်များတွင် ရွှေထည်ပစ္စည်းများကို လိမ်လည်ယူဆောင်သွားခဲ့သူ အမျိုးသမီးကို ပဲခူးမြို့၊ ဥဿသာမြို့ သစ်၊ ရပ်ကွက်ကြီး( ၇ ) ၊ ပေါက်ပင်ရပ်ကွက်အတွင်း ဇွန် ၁၇ ရက်နေ့  ၁၄၃၀ အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အမျိုးသမီးမှာ ရွှေဆိုင်များမှ ရွှေများလိမ်လည်ယူဆောင်ရာတွင် " တို့ ဆေး" အသုံးပြုလိမ်လည်ယူဆောင်သွားခဲ့သူဖြစ်သည်ဟုလူမှု့ ကွန်ရက်တွင်သတင်းကြီးနေသူလည်း ဖြစ်သည်။
ဖြစ်စဉ်မှာ ၇.၆.၂၀၁၈ ရက်နေ့ ၁၀၄၅ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ ခေမာသီလမ်း၊ အမှတ် (၆၆၂) ရှိ ရွှေမင်းသမီးရွှေဆိုင်သို့ အမည်မသိ ၊ လူမြင်မှတ်မိသူ အမျိုးသမီးတစ်ဦးရောက်လာပြီး ရွှေဆွဲကြိုး တစ်ကုံးဝယ်ယူလိုကြောင်းပြော၍ အလေးချိန် ၁ ကျပ် ၇ ပဲ ၆ ရွေးသား၊ တန်ဖိုး ၁၃ သိန်း ၈ သောင်းကျပ်တန် ရွှေဆွဲကြိုးတစ်ကုံးကို ဘောင်ချာဖြတ်၍ယူဆာင်ပြီး ငွေရှင်းရန်အတွက် ရွှေဆိုင်အနီးရှိ ၄င်း၏ဈေးဆိုင်သို့ ငွေလိုက်ယူရန်ပြောသဖြင့် အရောင်းဝန်ထမ်းက ငွေလိုက်ယူရာ အဆိုပါအမျိုးသမီးမှာ(ဈ)ဈေးအတွင်းမျက်ခြေဖြတ်သွားသဖြင့် ရွှေဆွဲကြိုးအား လိမ်လည်ရယူသူအမျိုးသမီးကို အရေးယူပေးရန် တိုင်တန်း၍မြောက်ဥက္ကလာပမြို့မရဲစခန်း၊ (ပ) ၇၅၃ / ၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၄၂၀ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။
အလားတူ အဆိုပါ အမျိုးသမီးသည် ၂၂.၅.၂၀၁၈ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က) ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီး၊ရွှေမြင့်မိုရ် ရွှေဆိုင်၌ လည်းကောင်း၊ ၂၄.၅.၂၀၁၈ ရက်နေ့တွင် ရန်ကင်းမြို့နယ်၊ (၁၂)ရပ်ကွက်၊ကံဘဲ့ဘူတာရုံလမ်း၊လိုတရအပေါင်ဆိုင်၌ လည်းကောင်း ရွှေထည်ပစ္စည်းများ လိမ်လည်ရ ယူသွားသဖြင့် သင်္ဃန်းကျွန်းနှင့် ရန်ကင်းမြို့မရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမျိုးသမီးက ရွှေမင်းသမီးရွှေဆိုင်သို့ရောက်ရှိလာပြီး ဆိုင်ရှင်ထံမှ ရွှေဆွဲကြိုးအား လိမ်လည်ရယူနေသည့် ဗီဒီယို မှတ်တမ်းဖိုင်အား ၁၂.၆.၂၀၁၈ ရက်နေ့တွင် Tin Zar Khin အကောင့်ဖြင့် လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ဗီဒီယိုမှတ်တမ်းဖိုင်ပါ ပြစ်မှုကျူးလွန်သူ အမျိုးသမီးကို ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ချပြလမ်းညွှန်မှုအရရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များ၊အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့အားဖွဲ့စည်းပြီး တစ်စိုက်မတ်မတ် စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ မမာလာ( ခ ) ဇောင်းတလား(၃၀) နှစ်၊ (ဘ)ဦးကာစီ၊ (ဟိန္ဒူ) လူမျိုးအား ၁၇.၆.၂၀၁၈ ရက်နေ့နေ့လည် ၁၄၃၀ နာရီအချိန်တွင် ပဲခူးမြို့၊ဥသာမြို့ သစ်၊ ရပ်ကွက်ကြီး( ၇ )၊ပေါက်ပင်ရပ်ကွက်မှ ဖမ်းဆီးရမိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ မမာလာ ( ခ ) ဇောင်းတလား အား အခြားလိမ်လည်မှုများ ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရွှေဆိုင်များ၌လည်း အလားတူလိမ်လည်မှုမျိုး ရှိပါ က ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုများရေးဖွင့်နိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားသည်။
Refး Yangon Police
The Ladies News
ရွှေထည်ပစ္စည်းများကို တို့ ဆေးဖြင့် လိမ်ယူသွားသူဟု နာမည်ကျော်နေသည့် အမျိုးသမီးကို ဖမ်းဆီး ရမိ
Reviewed by THITHTOOLWIN
on
10:53
Rating: