ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


ချမ်းအေးသာစံ ဇွန် ၁၄

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အရှေ့ရပ်ကွက် အကွက် (၂၄၄)၊ ၂၇ ×၂၈လမ်းကြားတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပွားရာမှ ယနေ့ နံနက် ၂ နာရီ ၃၅ မိနစ်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။


မီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် သန္ဓေမီးသတ် ၃၀ ဦး၊ အရန်မီးသတ် ၇၀ဦး၊ အုပ်ချုပ်မှုယာဉ် ၃စီး၊ မီးငြိမ်းသတ်ယာဉ် ၁၀စီးနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ၁၇ ပေရှိ အုတ်ကာ သွပ်မိုးနေအိမ် တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းသော နေအိမ်ပိုင်ရှင်အား ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေခံရဲစခန်းမှ ပ ၁၈၇ ၊ ပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.